လိင် ဆက်ဆံခြင်းသည် ကျန်းမာရေးကို အထောက်အကူပြု

alt

လိင် ဆက်ဆံမှုသည် လူသားတဦး၏ ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း နော်တင်ဂမ် တက္ကသိုလ်မှ ဆရာဝန် များက မှတ်ချက်ပြု ပြောကြား ခဲ့သည်။

 ချစ်မှုရေးရာ လှုပ်ရှားမှုတိုင်း လူတဦး၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ကိုသာမက သာမန် အအေးမိခြင်း အစ၊ ကင်ဆာ ကဲ့သို့ ရောဂါကြီးများ အဆုံး အမျိုးမျိုးသော ကျန်းမာရေး ပြဿနာများကို လျော့ကျစေသည့် စွမ်းရည် ရှိသည်ဟု ဗြိတိန်နိုင်ငံ၊ နော်တင်ဂမ် တက္ကသိုလ်မှ သုတေသီ ဆရာဝန်များက ဆိုသည်။

၎င်းတို့သည် လိင် ဆက်ဆံမှုနှင့် လူ့ ကျန်းမာရေး ဆက်စပ်နေမှုကို အသေးစိတ် သုတေသန ပြုလုပ်နေကြသော အဖွဲ့တခု ဖြစ်ပြီး မကြာသေးခင်က အသက် (၅၀) ကျော် အမျိုးသားများသည် ပုံမှန် လိင်ဆက်ဆံမှု ပြုလုပ်ခြင်းဖြင့် ဆီးကြိတ်ရောဂါ ဖြစ်ပွားမှုကို ကျဆင်း လျော့နည်းစေကြောင်း ကြေငြာထားခဲ့သည်။

သို့သော်လည်း တစ်လလျှင် အကြိမ် (၂၀) ကျော် အထိ လိင်မှုရေးရာ မှီဝဲခဲ့ သူများမှာမူ ဆန့်ကျင်ဖက် ဆိုးကျိုးများနှင့် တွေ့ကြံုနိုင်ကြောင်း ၎င်းတို့က ထပ်မံသတိပေး ပြောကြားထားသည်။

အမျိုးသား၊ အမျိုးသမီး များ၏ လိင်ဆိုင်ရာ လှုံ့ဆော်မှု ဟိုမုန်းများသည် လူတဦး၏ ရောဂါ ကာကွယ်မှု စွမ်းအားကို တိုးတက်လာစေပြီး လိင်မှု မှီဝဲနေချိန်တွင် ထိုကဲ့သို့ ဟိုမုန်းများကို ခန္ဓာကိုယ် သွေးကြောများမှ တဆင့် တကိုယ်လုံးသို့ ဖြန့်ကျက် စေလွှတ်တတ်သဖြင့် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်ခြင်း ဖြစ်ကြောင်း နော်တင်ဂမ်မှ ဆရာဝန်များက မီဒီယာသို့ ရှင်းလင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here