ပိုမိုကောင်းမွန်သည့် E-book Reader ထုတ်လုပ်

alt

Amazon သည် လက်ရှိ  ဈေးကွက်အတွင်း အသုံးပြုနေသည့် ebook Reader များထက် ပိုမို ပါးလွှာပြီး  မြန်နှုန်းမြင့်သည့် Digital E- Book တမျိုးကို စတင် ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။

 Kindle 2 ဟု အမည် ပေးထားသည့် အဆိုပါ Digital Book ကို အမေရိကန်နိုင်ငံ၊ နယူးယောက်တွင် စတင် ရောင်းချနေပြီ ဖြစ်သော်လည်း ကမာ္ဘတစ်ဝှမ်းသို့ ထုတ်လုပ် ရောင်းချသွားခြင်း ပြုမပြုကိုမူ Amazon က ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

Kindle မှတဆင့် စာအုပ်များကို အင်တာနက်မှ Download လုပ်ချ ၀ယ်ယူပြီး ဖတ်ရှု့ နိုင်သလို သတင်းစာ များကိုလည်း ဖတ်ရှု နိုင်ဦးမည်ဟု သိရသည်။

အဆိုပါ ကိရိယာသစ်လေးသည် ယခင် Digital Book များထက် အသုံးပြု ဖတ်ရှုသူများ အဆင်ပြေ ချောမွေ့နိုင်စေရန် တီထွင် ပေးထားသော်လည်း အမေရိကန် ဒေါ်လာ (၃၅၉) အထိ ကျသင့် နေခြင်းကြောင့် ဈေးကြီးသည် ဟူသော ဝေဖန်မှု များနှင့် ကြံုတွေ့လျှက် ရှိနေသည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here