စွမ်းအင် သုံးစွဲမှုကို ထောက်လှမ်းနိုင်ရန် Google စီစဉ်

alt

Google က အိမ်အတွင်း စွမ်းအင် သုံးစွဲမှုကို ထောက်လှမ်း ပြသပေးမည့် Tool အသစ်တခုကို ထုတ်လွှင့်ရန် စီစဉ်နေပြီ ဖြစ်သည်။

 အဆိုပါ Software ကို Google Parameter ဟု အမည် ပေးထားပြီး နေအိမ် အတွင်း စွမ်းအင်ပမာဏ များများစားစား အသုံးပြုထားသည့် နေရာများကို ထောက်လှမ်းကာ သတိပေးချက်များ ထုတ်ပြန် ပေးနေမည် ဖြစ်သည်။

ထို အခြေအနေကြောင့် စွမ်းအင် ခြွေတာမှု ရလဒ်ကို ဖြစ်ပေါ်စေပြီး ကမာ္ဘ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် အထောက်အပံ့ ဖြစ်စေနိုင်မည်ဟု Google ကဆိုသည်။

ထို Software ကို Google ၏ Home Page ဖြစ်သော iGoogle တွင် ဖော်ပြထားမည ်ဖြစ်ပြီး လက်တလောတွင် အဆိုပါ Tool ကို စမ်းသပ် အသုံးပြုသူများ ရှိနေပြီဟုလည်း သိရသည်။

Google က ယခု Software ကို အခမဲ့ ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ပြီး မကြာမီ ကာလတွင် မိုဘိုင်းလ်ဖုန်း များဖြင့်ပါ အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း ယမန်နေ့က ထုတ်ဖေါ် ကြေညာလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here