ဒေးဗစ် ဘက်ဟမ်း အယ်လ်အေ ဂလက်စီသို့ ပြန်သွားဖို့များ

alt

ဒေးဗစ် ဘက်ခမ်း အနေနှင့် အေစီ မီလန်တွင် ဆက်ကစားချင် သော်လည်း အမေရိကန် မေဂျာလိဂ် ဘောလုံးအသင်း လော့စ် အိန်ဂျလိစ် ဂလက်စီ သို့ ပြန်ရရန် အလားအလာ များကြောင်း ဘက်ဟမ်း၏ ရှေ့နေများက ၀န်ခံလိုက်သည်။

 ဘက်ခမ်းသည် မီလန်၏ ဆန်ဆီရို ကွင်းကြီးတွင် ဆက်ရှိ နေလိုသောကြောင့် ရှေ့နေများ ငှားရမ်း တိုင်ပင်ခဲ့သော်လည်း စာချုပ်ပါ အချက်များ အရ အမေရိကန်သို့ ပြန်ရရန် အလားအလာ များကြောင်း သိရှိရသည်။

စာချုပ်အရ ဘက်ခမ်းသည် မတ်လ (၉) ရက်နေ့တွင် ဂလက်စီ အသင်းသို့ ပြန်လည် ပြောင်းရွှေ့ ရမည်ဖြစ်သော်လည်း မီလန် ကမူ လက်ရှိ  ခြေစွမ်းပြနေသည့် အင်္ဂလန် လက်ရွေးစင် ဘောလုံးသမား အချို့အား ပေါင် (၁၇) သန်းခန့်ဖြင့် ခေါ်ယူနိုင်ရန် ဂလက်စီကို တောင်းဆို ထားသည်။

အဋ္ဌားလာရောက် ကစားနေသည့် ကာလ အတွင်းမှာပင် အေစီမီလန် အတွက် ဂိုးများ သွင်းယူနေသည့် ဘက်ခမ်း ကိုယ်တိုင်ကလည်း အင်္ဂလန် လက်ရွေးစင်အသင်း အတွက် ဆက်လက် ကစားနိုင်ရေး ပိုမိုနီးစပ်သော အေစီ မီလန်တွင်သာ အခြေချရန် ဆန္ဒရှိနေပြီး ဂလက်စီအသင်း အနေနှင့် ၎င်းအား အသင်းပြောင်းရွှေ့ရန် ခွင့်ပြုမည်ဟု မျှော်လင့်ထားကြောင်း ထပ်မံ ထုတ်ဖော် ၀န်ခံသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here