ပို့စ်မောက် နည်းပြ တိုနီ အဒမ် ရာထူးမှ နူတ်ထွက်

alt

အင်္ဂလန် ပရီးမီးယား လိဂ်ကလပ် ပို့စ်မောက်၏ နည်းပြဖြစ်သူ တိုနီ အဒမ်သည် ရာထူးမှ တရားဝင် နှုတ်ထွက် သွားပြီဖြစ်သည်။

 အင်္ဂလန် လက်ရွေးစင် နောက်ခံလူနှင့် အာစင်နယ် အသင်း၏ ကပ္ပတိန် အဖြစ် တာဝန် ယူခဲ့ဖူးသူ အဒမ်သည် ပို့စ်မောက် နည်းပြအဖြစ် ရာထူး လက်ခံခဲ့သည်မှာ (၃) လမျှသာ ရှိသေးသည်။ သို့သော်လည်း အသင်း၏ ကြံုတွေ့နေရသော ရလဒ်ဆိုးများ အတွင်း ရုန်းကန်နေခဲ့ပြီး အသင်းကို ဆွဲမတင် နိုင်ခဲ့သဖြင့် ယခုလို နှုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

အသက် (၄၂) နှစ်ရှိ အဒမ် ကိုင်တွယ်သော ပို့စ်မောက်မှာ အမှတ်ပေး ဇယား နံပါတ ်(၁၆) တွင် ရပ်တည်နေပြီး တန်း ဆင်းရမည့် အန္တရာယ် နှင့် နီးကပ်လျှက် ရှိနေပေသည်။ အဒမ်၏ နေရာတွင် အစားထိုးရန် ရေပန်း အစားဆုံးမှာ ချဲလ်ဆီး နည်းပြဟောင်း အက်ဗရာ ဂရမ့် ဖြစ်သည်ဟုလည်း သတင်းများက ဖော်ပြလျှက်ရှိပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here