အိန်ဂျလီနာ ဂျိုလီ၏ မှတ်ချက် စကားအပေါ် ထိုင်းအစိုးရ အံ့အားသင့်ဟုဆို

alt

ထိုင်း အစိုးရက ဟောလီးဝုဒ် မင်းသမီး အိန်ဂျလီနာ ဂျိုလီ၏ မှတ်ချက် စကားများ အပေါ် အလွန် အံ့အားသင့်မိကြောင်း ဖေဖော်ဝါရီလ (၁၁) ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။

 ဂျိုလီက ထိုင်း အစိုးရသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များ အပေါ် မတော် မတရား ဆက်ဆံနေသည်ဟု ပြောကြားထားသည်။ ဂျိုလီ နှင့် ချစ်သူမင်းသား ဘရက်ပစ် တို့နှစ်ဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ ပြီးခဲ့သော သီတင်းပါတ်က ရောက်ရှိ ခဲ့ပြီးနောက် ထိုင်း အစိုးရအနေနှင့် ရိုဟင်ဂျာ မွတ်ဆလင် များ၏ လူ့အခွင့်အရေး ရပိုင်ခွင့်များကို လေးစား စေလိုကြောင်း အကြံပြု တိုက်တွန်း ခဲ့ကြသည်။

ထိုင်း စစ်တပ်များ အနေနှင့် ရိုဟင်ဂျာတို့ကို ဥပဒေပြင်ပမှ ဆက်ဆံမှုများ ပြုလုပ်နေသည် ဆိုသည့် ဂျိုလီ၏ ပြောဆိုမှု  အတွက် နိုင်ငံတော် အစိုးရ အနေနှင့် စိတ်မကောင်း ဖြစ်မိပါသည်ဟု ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့သည်။

အိန်ဂျလီနာ ဂျိုလီသည် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ ကိုယ်စားလှယ် အဖြစ် ထိုဒေသသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြားရေး ၀န်ကြီးက ဂျိုလီမှာ သံတမန်ကောင်း တဦးအဖြစ် လက်ခံသော်လည်း သူမ ပြောကြားသွားသည့် စကားများ အတွက်မူ စိတ်မကောင်း ဖြစ်မိကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here