ရီဟန်းနာတို့ စုံတွဲ ခိုက်ရန်ဖြစ်ပွား

alt

R&B တေးဂီတ ကြယ်ပွင့်လေး ရီဟန်းနာ (အသက်-၂၀နှစ်) သည် ချစ်သူ ခရစ်ဘရောင်း (အသက်-၁၉နှစ်) နှင့် ခိုက်ရန် ဖြစ်ပွားပြီးနောက် မျက်နှာတွင် ကုတ်ခြစ်ရာ ဒါဏ်ရာ အချို့ရရှိ ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိနေစဉ် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်တွင် ကျင်းပ ပြုလုပ်မည့် သူမ၏ တေးဂီတ ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေငြာခဲ့သည်။

 ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ပြုလုပ် ကျင်းပရန် ပြင်ဆင်ထားသည့် ရီဟန်းနာ ၏ စတိတ်ရှိုးမှာ မူလ ကတည်းက မလေးရှား အစွန်းရောက် ဘာသာရေး အယူသီးသူများက ကန့်ကွက်ခြင်းကို ခံထားရပြီး ဖြစ်သည်။ မွတ်ဆလင် အယူသီး ခေါင်းဆောင်များက ရီဟန်းနာ ၏ ၀တ်စား ဆင်ယင်မှုသည် မွတ်ဆလင် ဘာသာကို စော်ကားမှု တခုဟု ပြစ်တင် ရှုတ်ချထားကြသည်။

လော့စ်အိန်ဂျယ်လိစ် ရဲတပ်ဖွဲ့က ထို အတောအတွင်း ဂရမ်မီ ဆုပေးပွဲအကြို ပါတီတခုမှ အပြန်တွင် ခရစ်ဘရောင်း နှင့် အမည်မဖော်လိုသူ အမျိုးသမီးတဦးတို့ အငြင်းပွား ရန်ဖြစ်ခဲ့ပြီး ဘရောင်းကို စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ကြေငြာခဲ့သည်။ သို့သော်လည်း ထိုအမျိုးသမီးသည် ရီဟန်းနာ ဟုတ် မဟုတ်ကိုမူ ရဲတပ်ဖွဲ့က အတည်ပြုချက် ပေးရန် ငြင်းဆန်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here