မြန်မာ အင်ဖိုတက်ခ်တွင် နည်းပညာ ပြပွဲကျင်းပမည်

alt

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာ အင်ဖိုတက် (ICT) တွင် ကွန်ပျူတာ နှင့် နည်းပညာ ဆိုင်ရာ ပြပွဲတရပ် ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။

 Myanmar ICT ကော်ပိုရေးရှင်းက ကြီးမှူးမည့် အဆိုပါပွဲကို လေးရက်ကြာ ပြုလုပ်မည် ဖြစ်ပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ စတင်မည် ဖြစ်သည်။ အဆိုပါ ပြပွဲသို့ ကုမ္ပဏီအခု (၅၀) တို့မှ ဆိုင်ခန်းပေါင်း (၁၂၀) ကျော်တို့က လာရောက် ခင်းကျင်း ပြသကြမည် ဖြစ်သည်။

ထို့အပြင် နာမည်ကြီး Dota နှင့် Counter Strike ဂိမ်းပြိုင်ပွဲများလည်း လူငယ်ကြိုက် အစီအစဉ် အဖြစ် ထည့်သွင်း တင်ဆက်သွားမည် ဖြစ်သည်။ ပြီးခဲ့သောနှစ် မတ်ချ်လ နှင့် အောက်တိုဘာလ များအတွင်း ကလည်း ICT တွင် နည်းပညာပြပွဲများ ကျင်းပခဲ့သေးသည်။ ICT သည် ရန်ကုန်မြို့၏ နည်းပညာဖြန့်ဝေရာ အဓိက ရင်းမြစ် နေရာကြီး တခုအဖြစ် သတ်မှတ်ထားခြင်း ခံရပြီး ယခုပြပွဲတွင် ကွန်ပျူတာနှင့် ဆက်စပ်သော ပစ္စည်းများကို အမျိုးအစား စုံလင်စွာ ခင်းကျင်း ရောင်းချသွားမည ်ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here