မူလတန်း ကျောင်းသားလေး ရေးဆွဲသည့် iPhone Software အလွန်ရေပန်းစား

alt

အသက် (၉) နှစ်အရွယ် မူလတန်း ကလေးငယ် တဦး ရေးဆွဲ ထားသည့် iPhone အတွက် Software တခုသည် အလွန် ရေပန်းစားနေကြောင်း သိရသည်။

 Download ပြုလုပ်မှု (၄၀၀၀) ကျော်ရှိသော အဆိုပါ Software ကို စင်္ကာပူ နိုင်ငံသားလေး လင်ဒါ၀မ်က ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး iTune တွင် လွှင့်တင်ထားရာ လူအများအပြား နှစ်သက်ကြောင်း Apple က ထောက်ခံ ပြောကြားသွားသည်။

Doodle Kids ဟု အမည်ပေးထားသည့် Painting Software  လေးကို iPhone Application တခုအဖြစ် လင်ဒါ၀မ်က တီထွင်ထားခဲ့ပြီး ယခင် သီတင်းပါတ်မှ စတင်ကာ iTune တွင် လွှင့်တင် ထားခဲ့သည်။

ကွန်ပျူတာ မှော်ဆရာလေး တဦးအဖြစ် တင်စားခံရသည့် မူလတန်း ကျောင်းသားလေးမှာ အင်တာနက်တွင် လူကြိုက်များသည့် အခြား Application  (၆) ခုကိုလည်း လွှင့်တင် ထားပြီးဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here