ဩစတြေးလျ တောမီး သေဆုံးသူ ဦးရေ မြင့်တက်လာ

alt

ဩစတြေးလျနိုင်ငံ အရှေ့တောင်ဘက်ရှိ ဗစ်တိုးရီးယား အရပ်တွင် အကြီးအကျယ် ကူးစက် လောင်ကျွမ်းနေသည့် တောမီးကြောင့် သေဆုံး သူဦးရေမှာ အနည်းဆုံး (၃၀၀) အထိ တဟုန်ထိုး မြင့်တက်လာနိုင်ကြောင်း တာဝန် ရှိသူများက မှန်းဆ ထားကြသည်။

 နိုင်ငံ၏ ၀န်ကြီးချုပ် ကီဗင် ရုဒ်က ယခု တောမီးသည် စကား မပြောသည့် လူသတ်ကောင် ဖြစ်ကြောင်း ညွှန်းဆို ပြောကြားခဲ့သည်။ လက်ရှိ အချိန်တွင် လူ (၂၀၀) ကျော်၏ ရုပ်အလောင်းများကို ရှာဖွေ စုဆောင်းထားနိုင်ပြီး အများစုသည် မီးကွင်းများ အတွင်း ပိတ်မိကာ ပြေးမလွတ်ဘဲ သေဆုံး ခဲ့ကြရခြင်း ဖြစ်သည်။

လတ်တလော တွင်လည်း အလောင်းများ ထပ်မံ တွေ့ရှိနေဆဲ ဖြစ်သောကြောင့် သေဆုံးသူ ဦးရေမှာ ပိုမို တိုးပွားလာရန် သေချာနေကြောင်း မီးသတ် ဌာနကလည်း ကြေငြာသည်။

အပူရှိန် အလွန် မြင့်မားမှုကြောင့် စတင် လောင်ကျွမ်းခဲ့သည့် တောမီးအား မီးသတ်ဌာနမှ ထိန်းချုပ်နိုင်ရန် ကြိုးစား နေသော်လည်း မအောင်မြင်သေးဘဲ အရှိန်ပြင်းပြင်း တိုက်ခတ်နေသည့် လေကြောင့်လည်း မီးကူးစက်မှုကို ပိုမို လျင်မြန်နေစေပြီး ကယ်ဆယ်ရေး လုပ်သားများမှာ အခက် တွေ့လျက်ရှိနေသည်။

ဗစ်တိုးရီးယား နှင့် အချို့သော ဩစတြေးလျ တောင်ပိုင်းဒေသများတွင် အပူချိန် (၁၁၇) ဒီဂရီ ံဖာရင်ဟိုက် အထိ မြင့်တက်လျက် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here