ဓာတ်အားမြင့် လျှပ်စစ်လိုင်း အနီးနေသူများ အယ်လ်ဇိုင်းမား ရောဂါ ပိုမိုရနိုင်

alt

ဓာတ်အားမြင့် လျှပ်စစ်လိုင်းများ အနီး နေထိုင် သူများသည် အယ်လ်ဇိုင်းမား ရောဂါ ရရှိနိုင်ရန် ပိုမို နီးစပ်ကြောင်း သိရှိရသည်။

 ဆွစ်ဇာလန် နိုင်ငံမှ ပညာရှင်များက အသေးစိတ် သုတေသန ပြုလုပ်မှုများ အရ ဓာတ်အား (၂၂၀) နှင့် (၃၈၀) ကြား ထုတ်လွှတ်ထားသော ဓာတ်အား ပေးလိုင်းများနှင့် မီတာ (၅၀) အတွင်း နေထိုင်ကြ သူများသည် အယ်လ်ဇိုင်းမား ရောဂါရရှိကာ  သေဆုံးသည် အထိ ကြံုရနိုင်ကြောင်း ဘန်း တက္ကသိုလ်မှ ဆေးပညာရှင်များက ထုတ်ဖေါ် ပြောဆိုလိုက်သည်။

ဒေါက်တာ အန်ကီ ဟူးလ် ဦးဆောင်သည့် ဆေးသုတေသန အဖွဲ့သည် နိုင်ငံတဝှမ်း အယ်လ်ဇိုင်းမား  နှင့် သေဆုံးခဲ့သူ စုစုပေါင်း၏ (၉၅) ရာခိုင်နှုန်းကို စနစ်တကျ လေ့လာပြီးနောက် အထက်ပါ ကောက်ချက်ကို ရိုက်တာ သတင်းဌာန ကျန်းမာရေး ကဏ္ဍတွင် ဖော်ပြခဲ့ကြသည်။

အလွန်သေးငယ်သော စွမ်းအင် ပမာဏရှိသည့် သံလိုက် စက်ကွင်းများ ရိုက်ခတ်မှုသည် ပင်လျှင် လူတဦး၏ ဦးနှောက်ကို ထိခိုက်မှုများ ဖြစ်စေတတ်ရာ ယခုကဲ့သို့ စွမ်းအင် ပမာဏ ကြီးမားလှသည့် သံလိုက ်စက်ကွင်းများ ထုတ်လွှတ်ပေးနေသည့် လျှပ်စစ် ဓာတ်အားလိုင်းများသည် လူသား၏ ဦးနှောက်အတွက် ကြောက်စရာ အကောင်းဆုံး ခြိမ်းခြောက်မှုများ အဖြစ် သတ်မှတ်နိုင်ကြောင်း ဆရာဝန်များက ရှင်းလင်း ပြောကြားခဲ့သည်။

ထို့အတူ ခေါင်းအနီးတွင် ရေဒီယို နှိုးစက်များ အမြဲထားရှိပြီး အိပ်လေ့ ရှိသူများသည်လည်း အလားတူ အန္တရာယ်မျိုး ကြံုတွေ့ရနိုင်သည်ဟု ဆရာဝန်များက ထပ်မံ သတိပေး ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here