တီဗွီကို မျက်လုံးထဲ ထည့်ထားနိုင်မည့် တီထွင်မှု အကောင်အထည် ပေါ်တော့မည်

alt

ရုပ်မြင်သံကြားစက်ကို မျက်လုံးအိမ်အတွင်း ထည့်သွင်း တပ်ဆင်နိုင်သည် အထိ သေးငယ် သွားအောင် တီထွင်နေမှုမှာ အကောင်အထည် ပေါ်ကာနီးပြီဟု သိရသည်။

 မျက်ကပ် မှန်ကဲ့သို့ အလွန်သေးငယ်သည့် ရုပ်မြင်သံကြား စက်လေးမှ တဆင့် ရုပ်မြင်သံကြား Channel များကို ကြည့်ရှုနိုင်ရန် ပညာရှင်များက အလေးထား ကြိုးပမ်းလျှက်ရှိရာ ယခုအခါတွင် စမ်းသပ် သုံးစွဲနိုင်သည့် အဆင့်ထိ တိုးတက် လာပြီဖြစ်သည်။

အဆိုပါ ရုပ်မြင်သံကြား စက်ကလေး များသည် ခန္ဓာကိုယ် အပူချိန်မှ တဆင့် စွမ်းအင် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပညာရှင်များ ကမူ ထိုစက်ကလေးများ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာနိုင်ရန် အနည်းဆုံး (၁၀) နှစ်မျှ အချိန်ယူ ရဦးမည်ဟု သုံးသပ်ထားသည်။ ထိုရုပ်မြင်သံကြားမှ ပြသနေသော Channel များကို အသံဖြင့် အမိန့်ပေး ပြောင်းရွှေ့နိုင်ရန် နည်းလမ်းကို အသုံးပြု မည်ဟုလည်း ဗြိတိန်မှ သုတေသီများက ထုတ်ဖော် ပြောဆိုခဲ့သည်။

ဒီဂျစ်တယ်ခေတ်တွင် အသုံးဝင်မှုခြင်း တူသော်လည်း ပစ္စည်းအရွယ်အစား သေးငယ်မှုကို ပိုမို အသားပေးလာသဖြင့် ယခုကဲ့သို့ မျက်စိနှင့် ကပ်၍ ကြည့်ရသော ရုပ်မြင်သံကြားစက်မျိုးကို ကြံဆ တီထွင်နေကြခြင်း ဖြစ်ပြီး အနာဂါတ် ကာလတွင် ယခုလက်ရှိ အသုံးပြုနေသော ရုပ်မြင်သံကြားစက်များ လုံးဝ ပျောက်ကွယ်သွားအောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ပညာရှင်များက ကြွေးကြော် ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here