မျက်လုံး သူငယ်အိမ် ကျယ်သည့် အမျိုးသားများ ဆွဲဆောင်မှုပိုရှိ

alt

အီဒင်ဘတ် တက္ကသိုလ်မှ သုတေသန ပညာရှင်များက သူငယ်အိမ် ကျယ်သော အမျိုးသား များသည် အမျိုးသမီးများကို ပိုမို ဆွဲဆောင် နိုင်လေ့ရှိကြောင်း ပညာရှင်များက ထုတ်ဖော် ပြောဆိုလိုက်သည်။

 အကြည့်ချင်း ဆုံတွေ့ချိန်တွင် မျက်စိ သူငယ်အိမ် ကျယ်ဝန်းသော အမျိုးသားများ၏ အတွင်း စိတ်သဏ္ဍန်သည် ပိုမို ဖြူစင်သည်ဟု အမျိုးသမီးများက ထင်မှတ် နေတတ်ပြီး ထို့ကြောင့်လည်း သူငယ်အိမ် ကြီးမား ကျယ်ဝန်းသော အမျိုးသားများကို စိတ်ထဲမှ အလိုလို အမှတ်ပေး နေမိတတ်ကြောင်း သိရှိရသည်။

အမျိုးသား အများအပြား၏ ဓာတ်ပုံများကို ပြသကာ ဆန္ဒ သဘောထား ကောက်ခံ ခဲ့စဉ်အတွင်း အမျိုးသမီးများက ဆွဲဆောင်မှုအား ကောင်းမွန်ပါသည်ဟု ထောက်ခံခြင်း ခံရသည့် အမျိုးသား အတော်များများသည် မျက်စိသူငယ်အိမ် ကျယ်ဝန်း လေ့ရှိသည်ကို တွေ့မြင်ခဲ့ရကြောင်း သုတေသီများက ထောက်ပြ ပြောဆို သွားခဲ့သည်။

အကြည့်ချင်း ဆုံတွေ့မိချိန်တွင် မျက်စိ သူငယ်အိမ်၏ ဖမ်းစားမှုမှာ အမျိုးသမီးများ ကိုယ်တိုင် သတိ မပြုမိသော အမျိုးသားများ၏ လျှို့ဝှက် ဆွဲအား တခုဖြစ်ကြောင်း သိပ္ပံပညာရှင်များက ရှုထောင်းများဖြင့် ရှင်းလင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here