ရှမ်းပြည်နယ် တပ်မတော် (SSA) ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံ

alt

မြန်မာ စစ်အစိုးရအား လက်နက်ကိုင် ဆန့်ကျင်နေသည့် ရှမ်းအမျိုးသား အဖွဲ့အစည်း တခုဖြစ်သော ရှမ်းပြည်နယ် တပ်မတော် (SSA) က (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲကို မထောက်ခံပါကြောင်း တနင်္ဂနွေနေ့က ကြေငြာလိုက်သည်။

 SSA ခေါင်းဆောင် ဗိုလ်မှူးကြီး ရွက်ဆစ်တို့အား စစ်အစိုးရက သူပုန်အဖြစ် ကြေငြာထားပြီး (၂၀၁၀) ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးကို ဆန္ဒပြ သပိတ်မှောက်သည့် လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ခုတို့တွင် SSA လည်း ထိပ်တန်းမှ အပါအဝင် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီလ (၈) ရက်နေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်Post သတင်းစာကြီးမှ တဆင့် ဗိုလ်မှူးကြီး ရွက်ဆစ်က ယခုကဲ့သို့ သတင်း ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ SSA နှင့် အတူ မွန်ပြည်သစ်ပါတီ (N.M.S.P) နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ကြီး  (K.I.O) စသည့် လက်နက်ကိုင် အဖွဲ့များလည်း တစိတ်တဝှမ်းတည်း ရပ်တည်နေပါကြောင်း ရွက်ဆစ်က ပြောကြားသွားခဲ့သည်။

မြန်မာ စစ်အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများ နှေးကွေးနေမှု နှင့် အာဏာကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားလိုမှု များကြောင့် စစ်အစိုးရ၏ အရင်းနှီးဆုံး လက်နက်ကိုင် မဟာမိတ်အဖွဲ့ ဖြစ်သည့် ‘၀’လူမျိုးများ ပြည်ထောင်စု တပ်မတော် (U.W.S.A) ကပါ (၂၀၁၀) ရွေးကောက်ပွဲအား ထောက်ခံခြင်း မပြုနိုင်ပါဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here