စစ် ရာဇဝတ်ကောင်များ ခိုလှုံရန် မျက်စိကျစရာ ဆွီဒင်

alt

ဆွီဒင် နိုင်ငံသည် ကမာ္ဘပေါ်တွင် စစ် ရာဇဝတ်ကောင်များ ခိုလှုံရန် မျက်စိ အကျဆုံး နေရာတခု ဖြစ်လာနေကြောင်း ဥရောပ နိုင်ငံများအကြား ဝေဖန်မှုများ တဖြည်းဖြည်း မြင့်တက်လျှက် ရှိသည်။

 ဆွီဒင် နိုင်ငံ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဆိုင်ရာ ပြဋ္ဌာန်းထားသည့် စည်းမျဉ်း ဥပဒေများ လျော့ရဲ ကျဆင်းနေမှုသည် ကမာ္ဘတလွှားမှ စစ် ရာဇဝတ်ကောင်များ၊ လူ့ အခွင့်အရေး ချိုးဖောက်သူများ တိမ်းရှောင်နိုင်ရန် အကွက် အကွင်းကောင်းတခုအဖြစ် ရှုမြင်နေသူ များစွာရှိကြောင်း ထောက်ပြပြောဆို ကြသည်။

ဆွီဒင်၏ ဥပဒေအရ နိုင်ငံတွင်းမှ တရားသူကြီး များသည် နိုင်ငံတကာ သတ်မှတ်မှုများကို ထည့်သွင်း စဉ်းစားစရာ မလိုဘဲနှင့် လွတ်ငြိမ်း ချမ်းသာခွင့်ကို စိတ်တိုင်းကျ သတ်မှတ် နိုင်ခြင်းကြောင့် ရာဇဝတ်ကောင် အတော်များများသည် ဆွီဒင်ကို ခိုလှုံရာ ဘူမိနက်သန်အဖြစ် မျက်စိကျလာရခြင်း ဖြစ်သည်။

ဆွီဒင်တွင် နိုင်ငံအလိုက် လူ့ အခွင့်အရေး ချိုးဖောက်ပြီး တိမ်းရှောင်လာသူများ တစထက် တစ တိုးတက် များပြားလာနေပြီး ဆွီဒင်၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေများမှာလည်း ဂယ်ပေါက်များ ရှိနေသဖြင့် ဝေဖန်ထောက်ပြမှုများနှင့် ရင်ဆိုင်နေရသည်။

စာရင်း ကောက်ယူ ရရှိထားသော စစ်တမ်းများအရ ကမာ္ဘတဝှမ်းမှ လူ့ အခွင့်အရေး ချိူးဖောက်သူ (၁၅၀၀) ကျော်တို့သည် ဆွီဒင်နိုင်ငံ အတွင်း စိတ်အေး လက်အေး အနားယူ အပမ်းဖြေနေကြောင်း ထောက်ပြ ပြောဆိုနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here