တနင်္ဂနွေနေ့က စင်္ကာပူ၊ ဘူကစ် ဆန်တိုစာ အရပ်တွင် မြန်မာတဦး ဓါးထိုးခံရ၍ သေဆုံး

alt

အသက်၄၀ အရွယ်ရှိ ထက်လှိုင်ဟု အမည်ရသော မြန်မာ အမျိုးသားတဦး စင်္ကာပူနိုင်ငံ တောင်ပိုင်း Jalan Teratai 7 လမ်းထိပ်၊ ဘူကစ် ဆန်တိုစာ အရပ်တွင် တနင်္ဂနွေနေ့ နံနက် ၁၁ နာရီခွဲခန့်က ဓါးဒါဏ်ရာနှင့် စတင် တွေ့ရှိရခြင်း ဖြစ်သည်။

ဟူလူ ဆီလန်ဂေါ ရဲစခန်းမှ ရဲမှူးကြီး နိုရယ် အဇ်မီ ရာဟာ အဖန်ဒီ မှ ယင်းမှုခင်း၌ သေဆုံးသူမှာ တီရှပ် နှင့် ဘောင်းဘီတို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်၏ ဘယ်ဖက် အခြမ်းနှင့် ဗိုက် တို့တွင် ဓါးဒါဏ်ရာ များစွာ တွေ့ရသည်ဟု ဖြေဆိုကာ ခန္ဓာကိုယ်တွင် မည်သည့် သက်သေ အထောက်အထားမျှ မတွေ့ရှိရပဲ နောက်ပိုင်းတွင် အနီးအနားမှ ကူညီရန် လာသော မြန်မာများစွာ ရောက်ရှိလာရာ သေဆုံးသူမှာ ထိုအနီးအနား၌ နေထိုင်သူ ဖြစ်ကြောင်းသာ သိရှိရသည်။

အမှုသွား အမှုလာအား စစ်ဆေးကြည့်ရာတွင် မိမိတို့ နိုင်ငံသား အချင်းချင်း ခိုက်ရန် ဖြစ်ပွားကာ ဓါးနှင့် တိုက်ခိုက် ထိုးနှက်သွားခြင်း ဖြစ်ကြောင်း ရဲမှူးက ပြောကြားကာ အခင်း ဖြစ်ပွားရာကို မျက်မြင်သက်သေ ရှိပါက ဟူလူ ဆီလန်ဂေါ ရဲဋ္ဌာနချုပ် တယ်လီဖုန်း အမှတ် – 03-60641222 နှင့် နီးစပ်ရာ ရဲစခန်းများတွင် အကြောင်းကြား နိုင်သည်ဟု ရဲမှူးကြီး နိုရယ် အဇ်မီ မှ နိုးဆော်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here