ဘရက်ပစ် နှင့် ဂျိုလီ တို့ မြန်မာကလေး မွေးစားဦးမည်

alt

ဟောလီးဝုဒ် စတား မောင်နှံများ ဖြစ်ကြသော ဘရက် (၄၅နှစ်) နှင့် ဂျိုလီ (၃၃နှစ်) တို့သည် ယခုလ အစောပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် အနီးရှိ ဘန့်မိုင် နိုင်ဆွန် ဒုက္ခသည် စခန်းသို့ သွားရောက် ခဲ့ရာတွင် အသက် ၂၁နှစ် အရွယ် မြန်မာ တိုင်းရင်းသူ မိန်းကလေး တဦးနှင့် ဂျိုလီ တွေ့ဆုံခဲ့ရာ မွေးကတည်းမှ ယခုအချိန်ထိ ဒုက္ခသည် စခန်းပြင်ပသို့ တခါမှ ရောက်ရှိဖူးခြင်း မရှိဟု သိရှိခဲ့ရ၍ သူမ အလွန်ကြေကွဲ ခဲ့ရကာ ယခုလို မြန်မာ ဒုက္ခသည် ကလေးတဦး မွေးစားမည့် အကြံ ဖြစ်ပေါ် လာရသည်ဟု ဆိုသည်။

 ယခုအခါ ထိုင်းအစိုးရ အာဏာပိုင်များနှင့် တရားဝင်ဖြစ်ရန် အတွက် စကားပြောနေလျှက်ရှိပြီး ယခု ၁ကြိမ်ပါဆိုလျှင် ဘရက်နှင့် ဂျိုလီ တို့တွင် သားသမီး အရင်းများ အပါအဝင် နိုင်ငံတကာမှ မွေးစားထားသော ကလေးငယ် အားလုံးပေါင်း ရ ဦးမြောက် ဖြစ်မည် ဖြစ်သည်။

သား သမီးရင်းများမှာ ဆီလော့ဟ်၊ နော့(စ်)၊ ဗီဗီယန် တို့ ဖြစ်ကြပြီး နိုင်ငံတကာမှ မွေးစားထားသော ကလေးများမှာ မက်ဒေါ့(စ်)၊ ပက် နှင့် ဇာဟားရာ တို့ဖြစ်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here