ကားလို့(စ်) တီးဗက်အား အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ရန် မန်ယူကမ်းလှမ်း

alt

အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်းသည် ၎င်းတို့ အဋ္ဌားဖြင့် ခေါ်ယူထားသည့် အာဂျင်တီးနား လက်ရွေးစင် ကားလို့စ် တီးဗက်အား အပြီးသတ် စာချုပ်နိုင်ရန် ကမ်းလှမ်းမှုများ စတင်ခဲ့ပြီဟု သိရသည်။

 အသင်းသို့ ဘူဂေးရီးယန်း တိုက်စစ်မှူး ဘာဘာတော့ ရောက်ရှိ လာပြီးနောက် ထိုအသင်းတွင် တီဗက်မှာ နေရာ မရ ဖြစ်လာသဖြင့် အသင်းပြောင်းတော့မည်ဟု သတင်းများ ထွက်ပေါ် ခဲ့သေးသည့်တိုင် တိုက်စစ်မှူး ၀ိန်းရူနီ ဒါဏ်ရာ ရရှိပြီးနောက် တီးဗက်သည်လည်း ပုံမှန်နေရာ ရလာသလို ခြေစွမ်းလည်း ပြလာသောကြောင့် အသင်းက စာချုပ်ရန် ကမ်းလှမ်းလာခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေတွင် မန်ချက်စတာ အသင်းအတွက် ကစားပေးရင်း ပျော်ရွှင် နေပါသည်ဟု တီးဗက်က မီဒီယာသို့ ပြောကြားထားပြီး ၎င်းအနေနှင့် အသင်း၏ ကမ်းလှမ်းမှုကို အပြုသဘောဖြင့် လေ့လာသွားမည်ဟု ကတိပြုထားသည်။

တီးဗက်ကို စမိန်မှ ရီးရဲလ် မက်ဒရစ် နှင့် အီတလီမှ အင်တာမီလန် အသင်းများကလည်း စိတ်ဝင်စားနေကြောင်း ထပ်မံ သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here