ပြည်ပတွင် လူပြောများသည့် ကနေဒါ အခြေစိုက် U.D.P ပါတီ၏ ပြည်တွင်း ခြေလှမ်း

alt

စက်တင်ဘာလ ၁၄ရက်နေ့ ၂၀၀၇ ခုနှစ် ကနေဒါနိုင်ငံတွင် စတင် ဖွဲ့စည်ခဲ့သော United Democratic Party သည် ၂၀၀၈ ခုနှစ် ပြည်ပနိုင်ငံရေး လောကတွင်  သံတမန်ရေး နိုင်ငံရေး လှုပ်ရှားမှုများကို ခပ်စိပ်စိပ် တွေ့ရှိလာရသည်။

 ၎င်းပါတီသည် ၂၀၀၈ ခုနှစ် အကုန်တွင် ဘီဘီစီ အသံလွှင့်ဋ္ဌာနမှ တဆင့် မြန်မာစစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ပြည်တွင်း ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သော ပြည်ပ အခြေစိုက် တခုတည်းသော နိုင်ငံရေးပါတီ ဖြစ်သည်။

ပြည်ပ အခြေစိုက်သည့် ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) သည် ယခင် အပါတ်က  ကြေညာချက် တစောင် ထုတ်ပြန်ရာတွင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်နိုင်ရန် ခြေလှမ်းများ အဖြစ် ပါတီ၏ ဗဟိုကော်မတီဝင် အသစ်စာရင်းများကို ထုတ်ပြန် ကြေညာရာ၌ မြန်မာ့ အမျိုးသား နိုင်ငံရေး ခေါင်းဆောင်များ၏ သားသမီးများ ပါဝင်လာသည်ကို တွေ့ရှိရကာ ပါတီ၏ ထိပ်တန်းခေါင်းဆောင် စာရင်းများလည်း ဆက်လက် ထုတ်ပြန်ဦးမည်ဟု လူထုအသံမှ သိရှိရသည်။

U.D.P ပါတီသည် တိုင်းပြည် ငြိမ်းချမ်းရေး၊ ဖွ့ံဖြိုး တိုးတက်ရေး နှင့် လူနေမှု ဘဝမြှင့်တင်ရေး အတွက် ပြည်တွင်း၊ ပြည်ပမှ တပ်မတော် ခေါင်းဆောင်ဟောင်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ခေါင်းဆောင်များ၊ ကျောင်းသား လူငယ်များ နှင့် စီပွားရေး လုပ်ငန်းရှင်များ ပါဝင် ဖွဲစည်းထားသည်ဟု ဆိုသည်။

အသစ် တိုးချဲ့ခဲ့သော ဗဟို ကော်မတီဝင်သစ် (၉)ဦးမှာ

(၁) ဒေါ်သန်းသန်းနု

(၂) ဒေါ်နေရီ ဘဆွေ

(၃) ဒေါ် ချိုချို ကျော်ငြိမ်း

(၄) ဦးမြတ်စိုး

(၅) ဦးကျော်ကျော်

(၆) ဦးမြင့်ရွှေခိုင်

(၇) ဦးစိန်

(၈) ဦးသန့်ဇင်

(၉) ဦးအောင်သန်းမြင့် တို့ ဟု UDP ပါတီ၏ သတင်းနှင့် ပြန်ကြားရေးဋ္ဌာနမှ ထုတ်ပြန်ထားပြီး၊ ဆက်လက် အတည် မပြုရသေးသော သတင်းများအရ ပါတီ၏ ဥက္ကဋ္ဌမှာ ဦးသုဝေ ၊ ဒု-ဥက္ကဋ္ဌ ဦးကျော်မြင့် ၊ ဒု-ဥက္ကဋ္ဌ ဦးရဲထွန်း နှင့် အထွေထွေ အတွင်းရေးမှူး မှာ ဦးကျော်မိုး ဟု လူထုအသံမှ ထပ်မံ သိရှိရသည်။

ဇာမဏီရိုင်း (လူထုအသံ)

LEAVE A REPLY

Please enter your comment!
Please enter your name here