လက်တင် ပေါ့(ပ်) တေးဂီတ ဘုရင်မ ရှာကီရာရဲ့ သဒ္ဒါတရား

alt

အမေရိကားတိုက်တွင် နာမည်ကြီး လက်တင် ပေါ့ပ်တေးဂီတ ကိုလံဘီယာဖွား  အဆိုတော် ရှာကီယာ က သူမ၏ မွေးရပ်မြေ ကိုလံဘီယာ နိုင်ငံတွင် ကလေးငယ်များ အတွက် စာသင်ကျောင်း တကျောင်းကို ထပ်မံ ဖွင့်လှစ် ပေးခဲ့သည်။

 ထို ကျောင်းသည် ရှာကီယာ ဖွင့်လှစ် ပေးခဲ့သည့် (၅) ခုမြောက် ကျောင်းလည်း ဖြစ်လာခဲ့ပေသည်။ အသက် (၃၂) နှစ်အရွယ် ပေါ့(ပ်)ဘုရင်မ နှင့် ညှို့မင်းသမီး သည် သူမ နေထိုင် ကြီးပြင်းလာခဲ့ရာ ဘရန်ကီလာမြို့တွင် ယခု ကျောင်းလေးအား စတာလင်ပေါင် (၄) သန်းမျှ အကုန်အကျ ခံကာ ဖွင့်လှစ်ခဲ့ပြီး ကလေးသူငယ် (၁၈၀၀) ကျော် စာပေ သင်ကြားနိုင်ရန် စီစဉ် ထားပေးခြင်း ဖြစ်သည်။

ပီရာ့စ်ဒက်စ် ကာဇော့ ဟူသည့် ဖောင်ဒေးရှင်းကို ရှာကီယာ က တည်ထောင် ထားပြီးနောက် လူမှုရေးဆိုင်ရာ အထောက်အပံ့များ ပေးနေခဲ့ပြီး ယခု လှူဒါန်းသည့် ကျောင်းဆောင်လေးကို ယခင်အပါတ် ဗုဒ္ဓဟူးနေ့က ဘရန်ကီလာမြို့ရှိ လာပယ် လာရာ အရပ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသလို ပြီးခဲ့သည့် နှစ်ကလည်း လက်တင် အမေရိကတိုက် အတွင်း မိဘမဲ့သူ ငတ်မွတ်ခေါင်းပါးသူ ကလေးငယ်များအတွက် ရံပုံငွေရှာဖွေရေး တေးဂီတ ဖျော်ဖြေပွဲ ဦးစီး ကျင်းပခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here