တော့တင်ဟမ် ဟော့စပါးရောက် အိုင်ယာလန် လက်ရွေးစဉ် ရော်ဘီ ကိန်း

alt

ရော်ဘီကိန်း၏ အခြေအနေကို စာနာ နားလည်မိပါသည်ဟု အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ပီတာ ခရောက်ချ်က ပြောကြားခဲ့သည်။

 အသက် (၂၈) နှစ်ရှိ အိုင်ယာလန် လက်ရွေးစင် ကိန်းသည် တော့တင်ဟမ် ဟော့စပါး မှ လီဗာပူးလ်သို့ လွန်ခဲ့သော (၆) လက ပြောင်းရွှေ့ခဲ့သော်လည်း အသင်းတွင် အထိုင် မကျမှုကြောင့် ဖေဖော်ဝါရီလ (၂) ရက်နေ့က တော့တင်ဟမ်  သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

လီဗာပူးလ် သည် ကိန်းအား ပေါင်သန်း (၂၀) ဖြင့် ခေါ်ယူခဲ့သော်လည်း အသင်းဟောင်းသို့ ပေါင် (၈) သန်းမျှ အရှုံးခံကာ ရောင်းချခဲ့ခြင်း ဖြစ်သည်။ သူ၏ ပြောင်းရွှေ့မှု အတွက် ကိန်းက လီဗာပူးလ် နည်းပြ ဘင်နီတက် သည် သူ့အတွက် အချိန် လုံလောက်စွာ မပေးမှုကြောင့် ယခုလို ခြေစွမ်းမပြနိုင် ဖြစ်ရခြင်းဟု ပြစ်တင ်ပြောဆိုခဲ့သည်။

ဘင်နီတက် လက်အောက် မှာပင် လီဗာပူးလ် မှ ပို့စ်မောက် သို့ ပြောင်းရွှေ့ခဲ့ရသူ ခရောက်ချ် ကလည်း ကိန်းကို ထောက်ခံပြီး ဘင်နီတက်သည် လောကြီးသည့် နည်းပြတဦးဟု ဝေဖန်ခဲ့သည်။ ခရောက်ချ်သည် လီဗာပူးလ် အတွက် (၈၉) ပွဲကစားပြီး ဂိုးပေါင်း (၄၀) အထိ သွင်းယူခဲ့သော်လည်း ဘင်နီတက်က စိတ်ကြိုက် မတွေ့သဖြင့် အရံခုံတွင် ထိုင်နေခဲ့ရသူ ဖြစ်သည်။ ခရောက်ချ်က ကိန်းသည် အကောင်းဆုံး ဘောလုံးသမား တဦးဖြစ်သည့် အတွက် တော့တင်ဟမ် တွင် ပြန်လည် ခြေစွမ်းပြန်ပြ လာမည်ဖြစ်ကြောင်း အားပေး ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here