အမေရိကား၌ မျက်နှာ တခုလုံးနီးပါး ခွဲစိတ်ကုသ အောင်မြင်မှု

alt

အမေရိကန် နိုင်ငံ၏ ပထမဆုံး မျက်နှာပြင် တခုလုံး ခွဲစိတ် ပြုပြင်မှု ခံယူထားသူ အမျိုးသမီးသည် ဆေးရုံမှ ဆင်းခွင့် ရခဲ့ပြီ ဖြစ်သည်။

 အခြေအနေ အားလုံး ကောင်းမွန်သဖြင့် သူမကို ဆေးရုံမှ ထွက်ခွာခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း Cleveland ဆေးရုံရှိ ဒေါက်တာ မာရီယာ ဆိုင်မွန်နော် က ပြောကြားသည်။ သူမသည် ဆေးရုံမှ မဆင်းခင် မျက်နှာ အသစ်ကို ပြန်လည် ရရှိသဖြင့် ပျော်ရွှင်နေကြောင်း ဆရာဝန်များထံ ပြောကြား သွားသေးသည် ဟုလည်း သိရသည်။

အမည်ထုတ်ဖော် အတည်ပြုခြင်း မရှိခဲ့သော အဆိုပါ လူနာ အမျိုးသမီးသည် စိတ်ထိခိုက်စရာ ကောင်းလောက်အောင်ပင် မျက်နှာတွင် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုကို လွန်ခဲ့သော (၇)နှစ်က တွေ့ကြံုခဲ့ရသည်။ သူမတွင် နှာခေါင်းမရှိ၊ ပါးပြင်အသားများ မရှိတော့ဘဲ ရုပ်ပျက်နေသည့်တိုင် အစာစားခြင်းနှင့် အသက်ရှူခြင်း တို့ကို ပုံမှန် ဆောင်ရွက်နိုင်ခဲ့သည်။

သူမအား ခွဲစိတ်မှုကို (၂၀၀၈) ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းက ပြုလုပ်ခဲ့ပြီး လောလောလတ်လတ် သေဆုံးထားသည့် အမျိုးသမီး တဦးထံမှ အရိုး၊ အသား၊ အာရုံကြော၊ သွေးကြောများနှင့် အရေပြား တို့ကို သူမ မျက်နှာတွင် တပ်ဆင် ပေးခဲ့ခြင်းဖြစ်သည်။ သူမအား (၂၂) နာရီကြာ ခွဲစိတ်ပြီး မျက်နှာ တခုလုံး၏ (၈၀) ရာခိုင်နှုန်းကို ပြုပြင်ပေးခဲ့ကြရသည်။ နောက်ဆုံး တွင်တော့ ဟမ်ဘာဂါ စားလိုက်၊ ပီဇာ စားလိုက်နှင့် သူမ စိတ်ကြိုက် မျက်နှာလှုပ်ရှားမှုများ ပြုလုပ်ရင်း ဒါဏ်ရာ၊ ချုပ်ရိုးများ အားလုံး ကောင်းမွန်သွားသည့် အမျိုးသမီးကို ဆေးရုံက ဆင်းခွင ့်ပြုလိုက်ပြီဟု အတည်ပြု ကြေငြာခဲ့သည်။

ယခုကဲ့သို့ မျက်နှာ အစားထိုး ကုသအောင်မြင်မှုသည် အမေရိကန်တွင် ပထမဆုံး ဖြစ်သော်လည်း ကမာ္ဘပေါ်တွင် စတုတ္ထမြောက် အောင်မြင်မှု ဖြစ်သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here