ကမာ္ဘ့စီးပွား ပျက်ကပ်တွင် အမေရိကန် အလုပ်သမားများ အထိခိုက်ဆုံး

alt

အမေရိကန်နိုင်ငံတွင် (၃၄) နှစ်အတွင်း အဆိုးရွားဆုံး စံချိန်တရပ် အဖြစ် တလအတွင်း အလုပ်သမား ဦးရေ (၅၉၈၀၀၀) ကျော် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ကြောင်း သိရသည်။

 ကမာ္ဘ့ စီးပွားပျက်ကပ်၏ ဆိုးရွားစွာ ရိုက်ခတ်လာမှုကြောင့် ကုမ္ပဏီကြီး အတော် များများသည် အလုပ်သမား အရေအတွက်ကို လျှော့ချခဲ့ရပြီး ဇန်နဝါရီလ အတွင်း အမေရိကန်၏ ကုန်ထုတ်လုပ်မှု ပမာဏသည် (၇.၆) ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့သည်။

ဇန်နဝါရီလ အတွင်းက အလုပ်ဖြုတ် ခံရသည့် လုပ်သား အရေအတွက်သည် သမိုင်းတွင် အဆိုးရွားဆုံး အခြေအနေ တရပ်အဖြစ် စာရင်းဝင်ခဲ့ပြီး နောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က အတိုက်အခံ ရီပါဘလစ်ကင် ပါတီသည် တိုင်းပြည် အတွက် အစိုးရက အရေးပေါ် ငွေကြေးတရပ် ထောက်ပံ့သွားရန် အဆို တင်သွင်းမှုအား ဆက်လက် ကန့်ကွက်နေမည် ဆိုပါက အခြေအနေသည် ထိန်းမရအောင် ယိုယွင်း သွားနိုင်ကြောင်း သတိပေး ပြောကြားလိုက်သည်။

အမေရိကန် သမတ အိုဘားမား ကလည်း တိုင်းပြည် စီးပွားရေး နလံထူ လာနိုင်စေရေး အတွက် အစိုးရဘက်မှ အကောင်းဆုံး တုန့်ပြန်နိုင်ရန် လိုအပ်နေပြီဟု သုံးသပ် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here