ဂူးဂဲလ် ကုမ္မဏီ၏ ဖုန်း ဈေးကွက်အပေါ် ဈေးကွက် ချဲ့ထွင်မှု

alt

Google ကုမ္ပဏီသည် နောက်ထပ် လက်ဝါးကြီးအုပ် ဈေးကွက် ချဲ့ထွင်မှု တခုကို စတင် လိုက်ပြန်ပြီဟု သိရသည်။

 အမေရိကန် နှင့် ဗြိတိန် နိုင်ငံများ အတွင်း မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနှင့် အင်တာနက် မှ စာအုပ် များစွာကို အခမဲ့ ဖတ်ရှုရန် Google က စတင် အကောင်အထည် ဖော်လိုက်ပြီ ဖြစ်သည်။ အမေရိကန်တွင် မိုဘိုင်းဖုန်းမှ စာအုပ် အရေအတွက် (၁.၅) သန်းထိ Download လုပ်ကာ ဖတ်ရှုနိုင်ပြီး ဗြိတိန်တွင်မူ စာအုပ် ခြောက်သိန်းထိ တယ်လီဖုန်းမှ တိုက်ရိုက်ဖတ်ရှု နေနိုင်ပြီ ဖြစ်သည်။

သို့သော်လည်း ထို Service ဝန်ဆောင်မှုသည် ဖုန်းများ အားလုံးတွင် မဟုတ်ပဲ Android ဖုန်းနှင့် iPhone ကိုင်ဆောင်သော သူများသာ လောလောဆယ် ယခု အရည်အသွေး ရရှိနေဦးမည်ဟု Google ကဆိုသည်။

စာအုပ်များတွင် ကဏ္ဍမျိုးစုံ ပါ၀င်နေပြီး Oliver Twist ကဲ့သို့ ကမာ္ဘကျော် ဂန္တဝင် ၀တ္ထုများလည်း ပါ၀င်မည်ဟု သိရသည်။ Google က မိုဘိုင်းဖုန်းမှ တဆင့် ပုံမှန် စာဖတ်သူဦးရေ တိုးတက်လာစေရေး ရည်မှန်းချက်ဖြင့် ယခု Service ကို ကြံဆ တီထွင်ခဲ့ကြောင်း ထုတ်ဖော်ကြေငြာ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here