မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရေး တရုတ် အကြံပြု သလော ? ရာဇသံ ပေးခြင်းလော?

alt

တရုတ် နိုင်ငံက မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် ကိစ္စအတွက် အငြင်းပွားနေမှုကို အလိုမရှိပါဟု ယခင်အပါတ်က ကြေငြာလိုက်သည်။

 ထို နှစ်နိုင်ငံသည် ဘင်္ဂလား ပင်လယ်အော် အတွင်း သဘာဝ ဓာတ်ငွေ့များ ထွက်ရှိနေသည့် ကမ်းလွန် ပင်လယ်ပြင်ကို ထိန်းသိမ်းနိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်း နေကြသည်။ တရုတ်နိုင်ငံ၏ တောင်အာရှ လေ့လာရေးဌာန ဒါရိုက်တာ ဇောင်ဂန်ချန်က ရေပိုင်နက် အတွက် သံတမန်နည်းဖြင့် ညှိနှိုင်းမှုသာ အကောင်းဆုံး ဖြစ်သည်ဟု အကြံပြု ပြောဆိုခဲ့သည်။

ထို့အပြင် လက်ရှိ နှစ်နိုင်ငံ အငြင်းပွားမှုကြောင့် အမေရိကန်တို့ ကြားဝင် လာမည်ကို တရုတ်နိုင်ငံက အလိုမရှိကြောင်း အတိအလင်း ပြောကြားလိုက်သည်။ ဘင်္ဂလား ပင်လယ်အော်တွင် အမေရိကန် ဩဇာ လွှမ်းမိုးလာမည့် အရေးအတွက် တရုတ်က ကြိုတင် ကာကွယ်ရန် အသင့် ပြင်ထားကြောင်း ဂန်ချန်က ပြောဆိုခဲ့သည်။

ဂန်ချန်က ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်း များသို့ ယခုချိန်ထိ မပြီးပြတ်သေးသော အငြင်းပွားမှုများ အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းကြပါရန် တရုတ် အစိုးရက တိုက်တွန်း ထားကြောင်း အတည်ပြု ကြေငြာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here