သမတ အိုဘားမားနှင့် ဒေးဗစ် ဘက်ခမ်းတို့ ပြိုင်ဘက်များ ဖြစ်လာနိုင်ချေရှိ

alt

အမေရိကန် သမတ ဘာရက် အိုဘားမားနှင့် အင်္ဂလန် လက်ရွေးစင် ဆူပါစတား ဘောလုံးသမား ဒေးဗစ် ဘက်ခမ်းတို့သည် ပြိုင်ဘက်များ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း သတင်းများက သုံးသပ် ဖော်ပြထားကြသည်။

 အိုဘားမားက အမေရိကန် နိုင်ငံသည် (၂၀၁၈) ခုနှစ် ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနိုင်ရေး အစွမ်းကုန် ဆောင်ရွက် ပေးသွားမည်ဟု ကတိပြု ပြောဆိုလိုက်ရာ (၂၀၁၈) တွင် အင်္ဂလန်နိုင်ငံ အိမ်ရှင်ဖြစ်ရေး ဆန္ဒမဲများ ရရှိနိုင်ရန် လိုက်လံ စည်းရုံးနေသည့် ဘက်ခမ်း အတွက် သတိထားစရာ ဖြစ်လာရသည်။

အမေရိကန် နိုင်ငံသည် (၁၉၉၄) ခုနှစ်၊ သမတ ဘီလ် ကလင်တန် လက်ထက်က ကမာ္ဘ့ဖလားကို အိမ်ရှင်အဖြစ် တကြိမ် လက်ခံ ကျင်းပဖူးပြီး အင်္ဂလန် နိုင်ငံကမူ (၁၉၆၆) ခုနှစ်က နောက်ဆုံး အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ထိုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ဖူးသည်။ ယခု အခါတွင် နှစ်နိုင်ငံလုံး အိမ်ရှင ်ဖြစ်ခွင့်အတွက် အလိုရှိနေကြရာ အိုဘားမားနှင့် ဘက်ခမ်း တို့မှာ မိမိနိုင်ငံ အိမ်ရှင်ဖြစ်ရေး အပြိုင်အဆိုင် ကြိုးပမ်းကြရဖွယ် ရှိကြောင်း တွေ့မြင်နေရသည်ဟု သတင်းများတွင် ဖေါ်ပြထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here