စစ်အစိုးရ ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲပြောကြား လိုက်ပြန်ပြီ

alt

မြန်မာနိုင်ငံ စစ်အစိုးရ အာဏာပိုင်များက အတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ နိုင်ငံရေးကို မတည်မငြိမ် ဖြစ်အောင် လှုံ့ဆော်နေကြောင်း စွပ်စွဲ ပြောကြားလိုက်သည်။

 ယမန်နေ့က စစ်အစိုးရ၏ ကြေငြာချက်များတွင် ဖော်ပြထားချက်များ အရ နိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂ အကြား နားလည်မှု လွဲမှားအောင် ဒေါ်အောင်ဆန်းစုကြည်က သွေးထိုး လှုံ့ဆော်နေသည်ဟု ပါရှိခဲ့သည်။ ယခ ုကြေငြာချက်သည် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ ရန်ကုန်မှ စင်္ကာပူသို့ ထွက်ခွာ သွားပြီးနောက် စစ်အစိုးရက ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ဂမ်ဘာရီ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နိုင်ငံတော် အစိုးရအပေါ် အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက်စေရန် ဒေါ်အောင်ဆန်းစုကြည်က သွေးထိုး လှုံ့ဆော်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက သတင်းထောက်များအား ပြောကြားလိုက်သည်။ ဗိုလ်မှူးချုပ် ကျော်ဆန်းက ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တကယ် ဖြစ်ပျက်နေသည့် အခြေအနေများကို လုပ်ကြံ လီဆည်ပြီး မြန်မာ အစိုးရနှင့် ကုလသမဂ္ဂ အကြား နားလည်မှု လွဲမှားစေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ပါကြောင်း အတိအလင်း စွပ်စွဲသွားသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here