မိုဘိုင်းလ်ဖုန်း သုံးသူ အချင်းချင်း ဘယ်ရောက်နေလဲ! သိနိုင်မည့် Google ဝန်ဆောင်မှု အသစ်

alt

Googleသည် မိုဘိုင်းလ်ဖုန်း အသုံးပြုသူ အချင်းချင်း မည်သည့် နေရာတွင် ရှိနေကြသည်ကို အတိအကျ သိရှိစေမည့် ၀န်ဆောင်မှု တမျိုးကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

 ဗြိတိန် နှင့် အမေရိကန်တို့ အပြင် အခြားသော နိုင်ငံပေါင်း (၂၄)ခုတွင် အသုံးပြုနိုင်မည့် အဆိုပါ ၀န်ဆောင်မှုသည် အခမဲ့ ဖြစ်သော်လည်း ဖုန်း အမျိုးအစား ကန့်သတ်မှု အချို့ ရှိမည်ဟုလည်း သိရသည်။

Google ၏ အဆိုအရ ယခု ၀န်ဆောင်မှု အသစ်ကြောင့် လူတဦးချင်းစီသည် မိမိ ရှိနေသည့် နေရာကို မညွှန်းတတ်လျှင်လည်း ပြဿနာ တခု မဟုတ်တော့ဟု သိရှိရသည်။

ထို Software ထည့်သွင်းထားသည့် ဖုန်းကို အသုံးပြုသူသည် မိမိ၏ မိတ်ဆွေ သူငယ်ချင်းများ၏ တည်နေရာကို မြေပုံနှင့်တကွ တိတိကျကျ ထောက်လှမ်း ရှာဖွေ နိုင်မည်ဖြစ်သည်။ Google Latitude ဟု အမည် သတ်မှတ်ထားသည့် ယခု ၀န်ဆောင်မှုကို Blackberry ဖုန်း Model အမြင့်များတွင် အသုံးပြု နိုင်မည်ဖြစ်ပြီး Google ထုတ် Android ဖုန်းများတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း Google မှ ကြေငြာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here