စပိန်နိုင်ငံ၊ ဘာစီလိုနားတွင် မြန်မာ့ အရေး လှုပ်ရှားသူများ၏ ဆွေးနွေးပွဲ

alt

ဖေဖေါ်ဝါရီ ၆ ရက်နေ့ တွင် ဘားမား ကမ်ပိန်း (စပိန်) မှ ဦးဆောင်၍ ကမကထ ပြုကာ စပိန်နိုင်ငံ မြို့တော် ဘာစီလိုနား တွင် “မြန်မာ တိုင်းရင်းသားများ နှင့် ငြိမ်းချမ်းရေး” အစီစဉ် ဟူသော ခေါင်းစဉ်အောက်တွင်

မြန်မာနိုင်ငံ၏ အနာဂါတ် အရေးများ ဆွေးနွေးကြသည်ဟု သိရှိရပြီး ကမာ္ဘတဝှမ်းမှ ဖိတ်ကြားထားသော မြန်မာ့တိုင်းရင်းသား အဖွဲ့စည်း အသီးသီးမှ ပုဂ္ဂိုလ်များ ၃၀ ကျော် တက်ရောက်သည်ဟု လူထုအသံမှ သတင်းရရှိသည်။

ဖေဖေါ်ဝါရီလ (၆)ရက် ယနေ့နံနက် ၁၀ နာရီခွဲတွင် စပိန်နိုင်ငံ ကတ်သလိုနီးယားပြည်နယ် လွှတ်တော် ဥက္ကဌ မစ္စတာ ဧနက် ဘယ်နဟ် ( Honorable Ernest Benach ) က မြန်မာ့ တိုင်းရင်းသား ခေါင်းဆောင်များ နှင့် တွေ့ဆုံ၍ မြန်မာ့အရေး အတွက် ၁ နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

ထို အခမ်းအနားတွင် ကတ်သလိုနီးယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံစကားပြောခွင့် ရခဲ့သူ များထဲမှ ခရမ်းမြို့နယ် လွှတ်တော်အမတ် ဦးကျော်သွင် အား လူထုအသံမှ မေးမြန်းရာတွင် “ကတ်သလိုနီးယား ပြည်နယ်အစိုးရ အနေနှင့် စပိန်အစိုးရမှ တဆင့် ဥရောပ သမဂ္ဂ နှင့် ဆက်စပ်ပြီး မြန်မာ့အရေး အတွက် ပိုဆောင် လုပ်ဆောင်လာနိုင်ဖို့၊ မြန်မာ ပြည်သူများအား ထိရောက်သော အကူအညီများ တိုက်ရိုက် မြန်ဆန်စွာပိုမို ပေး နိုင်စေဖို့၊ မြန်မာ စစ်အစိုးရအား ပြစ်ဒါဏ်ခတ် အရေးယူမှုကို ဆက်လက် လုပ်ဆောင်နိုင်စေဖို့၊ ၂၀၁၀ ရွှေးကောက်ပွဲ ဟာ စစ်တပ်အလိုကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အသိအမှတ်ပြု ဆောင်ရွက်မယ့် အစီအစဉ် တခု ဖြစ်တာကြောင့် စပိန်အစိုးရအား ကတ်သလိုနီးယား ပြည်နယ် အစိုးရ အနေနဲ့ ဆောင်ရွက်လာနိုင်မယ့် စတဲ့ အချက်အလက်တွေကို အပြန်အလှန် ဇောင်းပေး ဆွေးနွေးခဲ့ပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါသည်။

ဆက်လက်ပြီး ဖေဖေါ်ဝါရီလ (၇)ရက် နှင့် (၈)ရက် နေ့များတွင် ဥရောပရောက် မြန်မာဖိုရမ် (FBE) နှင့် ဥရောပ မြန်မာ့အရေး လှုပ်ရှားမှု ကွန်ရက် (EBN) တို့မှ ဥရောပနိုင်ငံများ အတွင်းရှိသော မြန်မာအဖွဲ့အစည်းများ နှင့် ဥရောပရှိ မြန်မာ့အရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများအား မည်သို့ မည်ပုံ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာ နိုင်ငံအလိုက် အဖွဲ့အစည်းများ အလိုက် ဆက်လက် လုပ်ဆောင်မည့် လုပ်ဆောင်သင့်သော အချက်အလက်များအား ညှိနိုင်း ပူးပေါင်း ဆွေးနွေးကြဦးမည်ဟု သိရှိရသည်။

သတင်း- မင်းကျော် (ခေတ္တ- ဘာစီလိုနား)

LEAVE A REPLY

Please enter your comment!
Please enter your name here