ခွေးပုံတူ မျိုးပွားရန် ပေါင်စတာလင် တသောင်း အကုန်အကျခံ

alt

အမေရိကန် နိုင်ငံမှ လင်မယား နှစ်ဦးသည် ၎င်းတို့၏ ချစ်ခင်သည့် ခွေးငယ်လေး သေဆုံး သွားပြီးနောက် ထိုခွေးလေးကို ပုံတူ မျိုးပွားရန် ပေါင်စတာလင် (၁၀၀၀၀) မျှ အကုန်အကျ ခံခဲ့ကြောင်း သိရသည်။

 

အက်ဂါ နှင့် နီနာ ဆိုသော လင်မယားသည် (၂၀၀၈) ခုနှစ်၊ ဇန်နဝါရီလက သေဆုံးသွားသည့် ၎င်းတို့၏ ခွေးကလေး လန်ဆီလုတ် ၏ DNA ကို သိုလှောင် သိမ်းဆည်းထားပြီး ခွေးလေးကို တကျော့ပြန် အသက်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

Bioarts International ကုမ္မဏီက အဆိုပါ လုပ်ငန်းကို လက်ခံ ဆောင်ရွက်ပေးခဲ့ပြီး လွန်ခဲ့သော သီတင်းပါတ် (၁၀) ပါတ်က ခွေးလေး လန်ဆီလုတ် ကို တောင်ကိုရီးယားတွင် မွေးဖွားလာအောင် ဖန်တီး နိုင်ခဲ့သည်။

အသက် (၆၆) နှစ်ရှိပြီဖြစ်သော အဖွား အိုနီနာက ခွေးလေးကို လက်ခံ ရရှိပြီးနောက် အလွန် ပျော်ရွှင်နေပြီး ၎င်းတို့ ဇနီးမောင်နှံ အတွက် သားသမီး သဖွယ် သဘောထားရသည့် လန်ဆီလုတ် ပြန်လည် ရှင်သန်လာမှု အတွက် ၀မ်းသာ ကျေနပ်မိကြောင်း မီဒီယာသို့ ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here