ဒေသတွင်း တိုက်ပွဲများကြောင့် ဒေသခံ သီရိလင်္ကာများ ထွက်ပြေး တိမ်းရှောင်နေကြရ

alt

သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းတွင် တမီးလ်ကျား သူပုန်များ၏ ပုန်းခိုနေရာ နေရာဒေသ အသီးသီးကို အစိုးရ တပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိရာ အနီးအနားမှ ဒေသခံ ရွာသူ ရွာသားများ ထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု သိရှိရသည်။

 အစိုးရ စစ်တပ်က ဒေသခံ ရာနှင့်ချီပြီး ပြောင်းရွှေ့သွားကြောင်း အတည်ပြု ပြောကြားခဲ့သလို ကုလသမဂ္ဂ ကလည်း တိုက်ပွဲ ဧရိယာအတွင်း နေထိုင်သူ ဦးရေ (၂၅၀၀၀၀) ခန့်မှာ နှစ်ဖက် စစ်တပ်များ အကြား ပိတ်မိနေကြောင်း  သတင်းထုတ်ပြန် ပြောကြားခဲ့သည်။

ကျည်ဆံများနှင့် အမြောက်ဆံများ ပျံဝဲနေသည့် ကျေးရွာများတွင် အပြစ်မဲ့ ပြည်သူ အနည်းဆုံး (၅၀) ကျော်မျှ ဖေဖော်ဝါရီ (၄) ရက်နေ့တွင် သေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးသူ ဦးရေမှာလည်း ထပ်မံ တိုးများလာဖွယ် ရှိနေသည်။ စစ်တပ်ဘက်မှ အရပ်သားများ ထိခိုက်မှု နည်းပါးအောင် ဆောင်ရွက်နေကြောင်း ပြောဆိုထားသည့်တိုင် ကြက်ခြေနီအဖွဲ့က အရပ်သားများ လုံခြံုရေးမှာ အလွန် စိုးရိမ်ဖွယ်ရာ အနေအထားတွင် ရှိနေကြောင်း သတင်း ထုတ်ပြန်လျှက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here