Google Earth 5.0 တွင် Google Ocean ဝန်ဆောင်မှု အသစ် သုံးစွဲနိုင်ပြီ

alt

Google ၏ ထုတ်ကုန်ဖြစ်သော Google Earth နောက်ဆုံး Version ဖြစ်သည့် Google Earth 5.0 တွင် Google Ocean ဆိုသော ၀န်ဆောင်မှု တခုကို ထည့်သွင်း ပေးလိုက်ကြောင်း သိရှိရသည်။

 ထိုအစီအစဉ် အရ ကမာ္ဘ့ပင်လယ် သမုဒ္ဒရာများကို ထောက်လှမ်း လေ့လာမှုများ ပြုလုပ် နိုင်မည်ဖြစ်ပြီး ဂြိုဟ်တုမှ တဆင့် ပင်လယ်ရေအောက် သက်ရှိများ၊ ပင်လယ်ကြမ်းပြင် မြေပုံများ အကြောင်း ထောက်လှမ်းနိုင်ရန် ရည်ရွယ် ထားကြောင်း Google က ထုတ်ပြန် ကြေငြာခဲ့သည်။

Google က ယခု အစီအစဉ်သည် ပင်လယ်နေ သက်ရှိ်များ၏ အလေ့အထကို လေ့လာ မှတ်တမ်းတင်ပြီး သဘာဝ ၀န်းကျင် ထိန်းသိမ်းမှုကို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ထားသလို ပင်လယ်အောက် နစ်မြုပ်နေသည့် သင်္ဘော ပျက်များကို ရှာဖွေ ဆယ်တင်နေသူများလည်း အကြိုက် တွေ့စေမည်ဟု ဆိုသည်။ ယခု အခြေအနေ အရ ကမာ္ဘ့ပင်လယ် သမုဒ္ဒရာအားလုံး၏ အသေးစိတ် အခြေအနေကို ဖော်ပြနိုင်ခြင်း မရှိသေးသော်လည်း နာမည်ကျော်ဒေသ ရေပြင်များ၏ အောက်ခြေ ကြမ်းပြင်အထိ အသေးစိတ် ပုံဖော်မှုများကိုမူ ထည့်သွင်း ထားပြီးဖြစ်သည်။ Google က ယခု ဆောင်ရွက်မှုသည့် ကမာ္ဘ့ ရေကြောင်း သွားလာရေး အတွက်လည်း အကူအညီ တစုံတရာ ပံ့ပိုး ပေးသွားနိုင်မည်ဟု ယုံကြည် ယူဆပါကြောင်း ထုတ်ဖော် ကြေငြာသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here