ကုလ အထူးကိုယ်စားလှယ် လာရောက်ခဲ့မှု မြန်မာနိုင်ငံ အတွက် အကျိုးမရှိ

alt

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် ခဲ့မှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် အမှန်တကယ် အကျိုး ဖြစ်ထွန်းမှု တစုံတရာ မရှိနိုင်ကြောင်း ကမာ္ဘ့နိုင်ငံရေး အကဲခတ် များက သုံးသပ် ဝေဖန်လိုက်ကြသည်။

 ဂမ်ဘာရီ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် မရရှိ ခဲ့ပြီးနောက် စင်္ကာပူသို့ (၄) ရက်ကြာ ခရီးဆက်လက် ထွက်ခွာသွားပြီး မြန်မာ့အရေး အတွက် တစုံတရာ ထုတ်ပြန် ကြေငြာမှု ပြုလုပ်ခဲ့ခြင်း မရှိပေ။

ဂမ်ဘာရီသည် စင်္ကာပူမှ တဆင့် အိန္ဒိယသို့ ဆက်လက် သွားရောက်ပြီး အိန္ဒိယတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း နှင့် တွေ့ဆုံမည် ဖြစ်သည်။ ဂမ်ဘာရီသည် မြန်မာ့ အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ထိုအတွက်လည်း ရလဒ်အဖြေ တိတိကျကျ သတင်း ထုတ်ပြန်မှုမျိုး မပြုလုပ်နိုင်ခဲ့ပေ။

အခြေအနေများ အရ ဂမ်ဘာရီ ၏ ယခု ခရီးစဉ်သည်လည်း ယခင် ခရီးစဉ်များ ကဲ့သို့ပင် ကောင်းမွန်သော ရလဒ်များ ဖော်ဆောင်နိုင်ခြင်း မရှိဘဲ အဆုံးသတ် သွားခဲ့မှာပင်  ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး သုတေသီများက ခန့်မှန်းထားသည်။ ကုလသမဂ္ဂ အနေနှင့်မူ မြန်မာနိုင်ငံ အရေးအတွက် အာရုံစိုက် ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ကြိုတင် ကတိကဝတ် ပြုထားကြောင်းလည်း သိရှိရပြန်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here