ဆာဖါး (၂) ပစ်လွှတ်မှုကြောင့် အီရန် နိုင်ငံအရေး ခြောက်နိုင်ငံ ဆွေးနွေးရ

alt

အီရန်နိုင်ငံ အရေးနှင့် စပ်လျဉ်းပြီး အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ တရုတ်၊ ဗြိတိန် နှင့် ရုရှားနိုင်ငံများ ယခု ရက်ပိုင်း အတွင်း အစောတလျင် စုပေါင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 အဆိုပါ (၆) နိုင်ငံ ထိပ်သီး အစည်းအဝေးသည် အီရန် နိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို မည်ကဲ့သို့ တားဆီး ထိန်းချုပ်နိုင်မည်ကို ဆွေးနွေးရန် အဓိက ရည်ရွယ်ထားပြီး တဟီရန်မြို့တော် အစိုးရ၏ နျူကလီးယား စွမ်းအင်ကို နိုင်ငံ၏ စွမ်းအင် ကဏ္ဍများအတွက် ငြိမ်းချမ်းစွာ အသုံးချ သွားမည်ဆိုသော ကြေငြာချက် အပေါ် အမေရိကန် နှင့် မဟာမိတ် နိုင်ငံများက အီရန်အပေါ် မယုံကြည်မှုကြောင့် ပြုလုပ်ကြသည့် အစည်းအဝေးလည်း ဖြစ်သည်။

အီရန်သည် စစ်အင်အား တိုးချဲ့မှုများလည်း ပြုလုပ်လျှက် ရှိပြီး နျူကလီးယား ထိပ်ဖူးတပ်နိုင်သည့် Safir-2 ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ် ခဲ့ခြင်းကြောင့် အနောက်နိုင်ငံများ အထိတ်တလန့် သတိထားစရာ ဖြစ်နေခဲ့သည်။ ဗြိတိန်၊ အမေရိကန် နှင့် ပြင်သစ် နိုင်ငံများသည် အီရန်၏ ဒုံးကျည် အစီအစဉ်နှင့် ပါတ်သက်ပြီး စိုးရိမ်နေမိကြောင်း ၀န်ခံထားသလို ဂျာမနီနိုင်ငံ ၀စ်ဘာဒန်တွင် ဖေဖော်ဝါရီလ (၄) ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေး အတွင်း အီရန်၏ စစ်လက်နက် နည်းပညာများအကြောင်း အသေးစိတ် တိုင်ပင် နှီးနှောခဲ့ကြကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here