ချင်ပန်ဇီ တို့၏ ဉာဏ်ရည် လူသားများ ကဲ့သို့ ထက်မြက်

alt

ချင်ပန်ဇီ မျောက်ဝံလေးများ၏ ဉာဏ်ရည်သည် လူသား ကလေးငယ်များ ကဲ့သို့ ထက်မြက်မှု ပမာဏတူ ရှိနေတတ်ကြောင်း ပညာရှင်များက ပြောကြား လိုက်ပြီဖြစ်သည်။

 အသက် (၉) လသားအရွယ် ချင်ပန်ဇီ မျောက်ငယ် တကောင်သည် သက်တူရွယ်တူ လူသား ကလေးငယ် တဦးနှင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး အတူတူပင် ဖြစ်ကြောင်း ဇီဝဗေဒ ပါရဂူများက ရှာဖွေတွေ့ရှိ ခဲ့သည်။

ချင်ပန်ဇီ မျောက်ဝံများသည် လူနှင့် အနီးစပ်ဆုံး တူညီသည့် သက်ရှိများ ဖြစ်ပြီး လူသား DNA ၏ (၉၆) ရာခိုင်နှုန်းမျှ ရရှိ ထားကြကြောင်း ပညာရှင်များက ဆိုသည်။ တခါတရံတွင် ချင်ပန်ဇီ ပေါက်လေးများသည် လူသား ကလေးငယ်များ ထက်ပင် ဦးနှောက် ဖွံ့ဖြိုးမှု ပိုမို မြန်ဆန်တတ်သေးကြောင်း သိရသည်။

ဟော်လန်နိုင်ငံ လီဒန် တက္ကသိုလ်မှ ပညာရှင်များနှင့် အင်္ဂလန်ရှိ ပို့စ်မောက် တက္ကသိုလ်မှ ကျွမ်းကျင်သူများ စုပေါင်း သုတေသနပြုမှု ရလဒ်များ အရ အသက်ကြီးရင့် နေသည့် ချင်ပန်ဇီများသည် အသက် (၃) နှစ်သား ကလေးများနှင့် တူညီသော ဉာဏ်ရည်ရှိကြောင်း ဖော်ပြထားသည်။

ချင်ပန်ဇီ နှင့် အော်ရန်ဂူတန် မျောက် မျိုးနွယ်များသည် ဉာဏ်ရည် အထူးမြင့်မားပြီး လူနှင့် နီးစပ်ကာ လူသားများနှင့် အကြိုက်တူသည့် အလေ့အထများ ရှိကြောင်းလည်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ အီမိုရီ တက္ကသိုလ်မှ သုတေသီများက ထောက်ခံ ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here