ရုပ်ရှင်ကြည့်ရမှာ မနှစ်သက်သည့် မင်းသမီး ဂျိုလီ

alt

ကိုယ်တိုင်က ရုပ်ရှင် သရုပ်ဆောင် အကျော်အမော် မင်းသမီးတဦး ဖြစ်နေ သည့်တိုင် ရုပ်ရှင်ကြည့်ခြင်းကို အလွန် ညည်းငွေ့ မိကြောင်း အိန်ဂျလီနာ ဂျိုလီက သတင်းထောက်များအား ပြောကြား ခဲ့သည်။

 သူမ ဘဝတွင် ရုပ်ရှင်တကား၊ နှစ်ကားထက် ပို၍ မကြည့်ဖူးပါဟု အော်စကာဆု ရရှိဖူးသည့် အသက်(၃၃) နှစ်အရွယ် မင်းသမီးက ဆိုသည်။ သူမသည် သူမ ကိုယ်တိုင် ပါ၀င် သရုပ်ဆောင် ထားသည့် ဇာတ်ကားများ အထူးပွဲ များတွင် သွားရောက်ချိန်မှ လွဲပြီး စိတ်လိုလက်ရ ရုပ်ရှင်ကြည့်မှုမျိုး မရှိသလောက် ရှားကြောင်း ဂျိုလီက ပြောကြားခဲ့သည်။

Changeling ဇာတ်ကားနှင့် အော်စကာ ဆန်ခါတင် စာရင်းတွင် ဖော်ပြ ခံထားရသည့် ဂျိုလီသည် ရုပ်ရှင်ကြိုက်သည့် ချစ်သူ မင်းသားဘရတ်ပစ် နှင့် မကြာခဏ အချင်းများ ရလေ့ရှိကြောင်း ၀န်ခံခဲ့သည်။ သူမသည် ရုပ်ရှင် ကြည့်နေချိန်တွင် အိမ်အတွင်း သားသမီးများနှင့် ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းခြင်း ကသာ ပိုမို ကောင်းမွန်သည်ဟု ယူဆထားကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here