ကိုရီးယား နည်းပညာရဲ့ အံ့ဖွယ် 4GB DDR3 Memory ကဒ်

alt

ကိုရီးယား အခြေစိုက် Samsung ကုမ္မဏီကြီးက ထုတ်လုပ်လိုက်သော ကွန်ပြုတာ မှတ်ဉာဏ် RAM ကဒ် အမျိုးအစားသစ် 4GB DDR3 RAM Chip သည် အလွန် ကောင်းမွန်သော RAM ကဒ် အမျိုးအစားဖြစ်ပြီး 50mm နည်းပညာသုံး အဆိုပါ RAM ကဒ်မှာ ယခင် DDR3 များထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားကြောင်း သိရသည်။

 ထို RAM ကဒ် အမျိုးအစားကို Laptop များ၊ PC များနှင့် Server များတွင် ထည့်သွင်း ထားသည့် 16GB၊ 8GB နှင့် 32GB Module များတွင်ပါ အသုံးပြု နိုင်မည်ဖြစ်သည်။ Memory Slot (၆) ခုပါသော Dual နည်းပညာသုံး Mother Board များတွင် တပ်ဆင်ခြင်းဖြင့် 192GB ထိ တိုးမြင့် လာမည်ဖြစ်ရာ လုပ်ဆောင်မှု စွမ်းရည် အလွန်အမင်း တိုးတက် လာလိမ့်မည်ဟု Samsung ကဆိုသည်။

သို့သော်လည်း လက်ရှိ အချိန်တွင် Samsung ၏ ထုတ်ကုန် ရေးချမှုမှာ ဈေးနှုန်း ကြီးမြင့်မှုကြောင့် ၀ယ်ယူသုံးစွဲ သူများ ချိန်ဆ စဉ်းစားစရာ ဖြစ်နေဆဲဟု သိရသည်။ 4GB DDR3 သည် တချောင်းလျှင် ပေါင်စတာလင် (၂၅၀)ထိ ကျသင့် နေသော်လည်း 4GB DDR2  တချောင်းမှာမူ (၇၅)ပေါင်သာ ဈေးနှုန်းရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here