ပြည်မြို့ရှိ ကြက်များတွင် ရောဂါပိုးတွေ့ရှိ

ကြက်၊ ငှက်များမှ တဆင့် ကူးစက်တတ်သော ရောဂါတခု ဖြစ်ပွား စေတတ်သည့် ဗိုင်းရပ်စ်ပိုး တမျိုးကို မြန်မာနို်င်ငံရှိ ပဲခူးတိုင်း၊ ပြည်မြို့တွင် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

Viscerotropic Velogenic Newcastle Disease (VVND) ၏ တွေ့ရှိမှု အရ အဆိုပါ ဒေသအတွင်း ကြက်ကောင်ရေ (၅၀၀၀)ကျော်မှာ ရောဂါပိုး ကူးစက်ခံနေရပြီး လက်ရှိ အချိန်တွင် မြန်မာ့ အာဏာပိုင်များက ထိုဒေသမှ ကြက်များ ရောင်းချ တင်ပို့မှုကို ယာယီပိတ်ပင် ထားလိုက်ပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာ စစ်အစိုးရအနေနှင့် နယ်စပ်ဖြတ်ကျော်ပြီး ကြက်သား တင်ပို့မှုများကို စီစစ်နေပြီး အဆိုပါ လုပ်ငန်းအတွက် တရုတ်၊ ထိုင်းစသော နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ယခုတွေ့ရှိသော ရောဂါပိုးသည် ကြက်ငှက်တုပ်ကွေး ဖြစ်စေတတ်သည့် H5N1 ဗိုင်းရပ်စ် ဟုတ်မဟုတ်ကို အတည် မပြုနိုင်သေးပေ။

လှို့ဝှက်စွာ နေထိုင်တတ်သော မြန်မာစစ်အစိုးရနှင့် သတင်းတင်းကြပ်မှု များသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု အနည်းဆုံး နိုင်ငံတခုဟု ထုတ်ပြန် ကြေငြာထားပြီး ယခုအချိန်ထိ အဆိုပါ ရောဂါပိုး တွေ့ရှိသူ နှစ်ဦးသာ ရှိသေးပြီး သေပျောက်မှု လုံးဝမရှိဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here