ဂွာတာနာမို အကျဉ်းစခမ်းမှ အကြမ်းဖက်သမား (၂)ဦး မလေးရှား လွှဲပြောင်းယူမည်

alt

ဂွာတီနာမို စစ်အကျဉ်းထောင်ကြီးအား ပိတ်သိမ်း ပြီးပါက လက်ရှိ ထိန်းသိမ်းထားသော အကျဉ်းသားများကို ခွဲဝေ တာဝန်ယူသွားမည်ဟု မလေးရှား ၀န်ကြီးချုပ် အက်ဘဒူလာ အာမက် ဘာဒါ၀ီက ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ကြေငြာခဲ့သည်။

 အမေရိကန် သမတ အိုဘားမားသည် ကျူးဘား နိုင်ငံတွင် ဖွင့်လှစ်ထားသည့် အဆိုပါ စစ်အကျဉ်း စခန်းကြီးအား တနှစ်အတွင်း ပိတ်ပစ်ရန် အမိန့်ထုတ် ထားသော်လည်း ထောင်အတွင်း ထိန်းသိမ်းထားသည့် နာမည်ကျော် လူဆိုးကြီးများကို ဆက်လက် ထိန်းသိမ်းရန်မူ မဟာမိတ် နိုင်ငံများအနေဖြင့် ခွဲဝေ တာဝန်ယူပေး ပါရန် ပန်ကြားထားသည်။

ဂွာတီနာမိုတွင် မလေးရှား အကြမ်းဖက်သမား (၂)ဦးကို အမေရိကန်က ဖမ်းဆီးထားပြီး ထိုနှစ်ဦးလုံးကို ပြန်လည် လက်လွှဲယူရန် အသင့်ရှိကြောင်း မလေး ၀န်ကြီးချုပ်က အတည်ပြုသည်။ မလေးရှား နိုင်ငံသည် အဆိုပါ အကျဉ်းသား နှစ်ဦးလုံး၏ ပြစ်ဒါဏ်ကို နိုင်ငံအတွင်း ကျခံစေရန်ပင် အလိုရှိကြောင်း၊ အိုဘားမား အနေနှင့် ကတိအတိုင်း ထောင်ကြီးကို ပိတ်ပစ်ခဲ့သည့် အတွက် ကျေနပ်မိကြောင်း အက်ဘဒူလာက သတင်းထောက်များထံ ပြောဆိုခဲ့သည်။

မိုဟာမက် နဇာလက်ပ် နှင့် မိုဟာမက် ဖာရစ်ခ်အာမင် တို့နှစ်ဦးလုံးသည် ဂျမား အစ္စလာမ်မီးယား အဖွဲ့နှင့် ဆက်နွယ်နေပြီး (၂၀၀၂)ခုနှစ် ဘာလီကျွန်း ဗုံးခွဲမှုတွင် ပါ၀င် ပါတ်သတ်နေကြောင်း အမေရိကန် အာဏာပိုင်များက ယုံကြည်ထား ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here