ထိပ်တန်း ကျားသူပုန် ခေါင်းဆောင် ပျောက်ဆုံးနေဆဲ

alt

သီရိလင်္ကာ အစိုးရ အနေနှင့် တမီလ် ကျားသူပုန် တို့ကို နှိမ်နင်းပြီး ဖြစ်သော်လည်း ထိပ်တန်း ခေါင်းဆောင် ဗီလက်ပီလီ ပရာဟာ ခါရန် မှာမူ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

 Sun God ဟု တင်စား ခေါ်ဆိုခြင်း ခံရသူ ပရာဟာခါရန်သည် နောက်လိုက် အင်အား ရာဂဏန်း မျှနှင့် အတူ ပျောက်ဆုံး နေကြောင်း သီရိလင်္ကာ စစ်တပ်မှ ကြေငြာလိုက်သည်။ ၎င်းသည် (၁၉၇၀) ပြည့်နှစ်များမှစပြီး တမီလ် သူပုန်များကို ဦးဆောင်လာခဲ့သူ လည်းဖြစ်သည်။

ပရာဟာခါရန်အား ကြည်ညိုသူများက ဘုရားတဆူ သဖွယ် ကိုးကွယ်ကြသော်လည်း ၎င်း၏ အတိုက်အခံများကမူ တမီ်လ်ခေါင်းဆောင်သည် ရက်စက်သော လူသတ်သမား တဦးသာဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ သီရိလင်္ကာနှင့် အိန္ဒိယစစ်တပ်များ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် တမီလ်တို့ မရှုမလှ အရေးနိမ့်ခဲ့သော်လည်း ပရာဟာခါရန် ပျောက်ဆုံးနေမှုကြောင့် သီရိလင်္ကာ အာဏာပိုင်များ ခေါင်းခဲနေရသည်။

(၂၀၀၆) ခုနှစ်အတွင်းက ၎င်း၏ လုပ်ကြံရန် ကြိုးပမ်းမှုကို ကြံုတွေ့ခဲ့ရသည့် သီရိလင်္ကာ ဗိုလ်ချုပ်ဆာရက်သ် ဖွန်ဆီကာက ပရာဟာခါရန်သည် ပျောက်ကွယ် ပုန်းအောင်းနေပြီး နောက်တကြိမ် စစ်ရေးစည်းရုံးမှုများ ပြုလုပ်နေခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ဖွန်ဆီကာမှာ (၂၀၀၆) ခုနှစ်၊ ဧပြီလအတွင်း တမီလ်တို့၏ အသေခံဗုံးခွဲမှုမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာသူ ဖြစ်သည်။ လက်ရှိ အချိန်တွင် တမီလ် ကျားသူပုန် အင်အားစု အကြွင်းအကျန်များသည် အစိုးရစစ်တပ်များ ၀ိုင်းရံနေသည့် တောနက်များအတွင်း ခိုအောင်းနေသည်ဟု ယုံကြည် ရဖွယ်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here