ဆီးနှင်း ကျဆင်းမှုများကြောင့် လန်ဒန်တွင် လေယာဉ် ခရီးစဉ်များ ဖျက်သိမ်းထားရ

ဥရောပတွင် ဆီးနှင်းများ ထူထပ်များပြားစွာ ကျဆင်းနေမှုကြောင့် လေယာဉ် ခရီးစဉ်များစွာကို ဖျက်သိမ်းနေရပြီး ဗြိတိန်ရှိ လေယာဉ်စီး ခရီးသည်များသည် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဒုတိယနေ့ အဖြစ် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းမှုနှင့် ကြံုတွေ့နေရသည်။

ဗြိတိန်နိုင်ငံ၊ ဟိဿရိုး နိုင်ငံတကာလေဆိပ်ရှိ လေယာဉ်ခရီးစဉ် (၈၀၀) ခန့်တို့သည်  အချို့ခရီးစဉ်များမှာ ဖျက်သိမ်းခဲ့ရပြီး အချိန်ကြာမြင့်စွာ နှောင့်နှေးပြီးမှ ပျံသန်း ထွက်ခွာခဲ့ရသည်။ Raynair မှ ဗြိတိန်သို့ ပျံသန်းမည့် ခရီးစဉ် (၂၀၀) ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး ဆီးနှင်းများသည် အင်္ဂလန်တွင် သာမက မြောက်အိုင်ယာလန်နှင့် စကော့တလန် တို့တွင်ပါ ဆိုးဆိုးရွားရွား ကျဆင်းနေဆဲဟု သိရသည်။

ဗြိတိသျှ လေကြောင်း ပျံသန်းရေး အရာရှိများက ဟိဿရိုးသို့ ဦးတည် ပျံသန်းသည့် လေယာဉ် ခရီးစဉ် ရေးဆွဲထားသည့် ကုမ္ပဏီတိုင်း အခက်အခဲ ကြံုနေရကြောင်း ၀န်ခံထားသည်။ အချို့သော လေယာဉ်များကို လေဆိပ်အတွင်း အရေအတွက် များပြားစွာ ထားရှိရန် မဖြစ်နိုင်သဖြင့် ဘာမင်ဂမ်သို့ ဆင်းသက် စေခဲ့ရကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here