ဂူးဂဲလ် နှင့် စတော့ဘက်ဝယ်လ်ယာ တို့၏ အမှားများ

alt

Online Searching ၀န်ဆောင်မှုအတွက် အလွန် ကောင်းမွန်သည်ဟု နာမည်ကြီးသော Google သည် ယခု ရက်ပိုင်းများ အတွင်း Error များနှင့် ကြံုတွေ့  နေရကြောင်း သိရသည်။

 ဇန်နဝါရီလ (၃၁) ရက်နေ့က Google တွင် ရှာဖွေမှုတခု ပြုလုပ်လိုက်တိုင်း May harm your computer ဆိုသည့် စာတန်း ပေါ်လာ သောကြောင့် User များ စိတ် အနှောင့်အယှက် ဖြစ်ခဲ့ရသည်။ အဆိုပါ အခြေအနေ အတွက် စုံစမ်းမှုများ ပြုလုပ်ပြီး နောက် Google မှ ပညာရှင်များက Hacker များနှင့် System မှားယွင်းမှုကြောင့် မဟုတ်ဘဲ လူသားများ၏ အမှားများကြောင့်သာ ဖြစ်ကြောင်း ၀န်ခံခဲ့သည်။

ရှာဖွေရေးဝန်ဆောင်မှု ဒုတိယ ဥက္ကဋ္ဌ မာရစ်ဆာ မေယာက ၎င်း၏ ကိုယ်ပိုင် Blog အတွင်း မိနစ်(၄၀)ကြာမျှ ထိုအခြေအနေမျိုး ကြံုခဲ့ရခြင်းသည် လူ့အမှားကြောင့်သာ ဖြစ်ကြောင်း ရှင်းလင်းစွာ ပေါ်လွင်နေသည်ဟု ရေးသားထားသည်။ Google သည် Stopbadware.org နှင့် တွဲဆက် အလုပ်လုပ်နေပြီး Stopbadware.org တွင် ထည့်သွင်းထားသည့် အချို့သော Software များတွင် အဆိုပါ User Warning များ ပါရှိတတ်ပြီး Google နှင့်ပါ ရောထွေး ဆက်နွယ်ကာ ယခုလို ဖြစ်ခဲ့ရခြင်းဟု သိရသည်။ ယခု ဖြစ်ရပ်ကြောင့် အင်တာနက် အသုံးပြုသူများဘက်မှ Stopbadware.org ကို ဝေဖန်မှုများ ရှိနေခဲ့ကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here