အရှေ့တီမောက မြန်မာ့လေဘေးသင် ့ပြည်သူများ အတွက် ငွေကြေး လှူဒါန်း

အရှေ့တီမောနိုင်ငံက မြန်မာနိုင်ငံ အတွင်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီး တိုက်ခတ်မှုမှ အသက်မသေဘဲ ကျန်ရစ်ခဲ့သူများ အတွက် အမေရိကန်ဒေါ်လာ (၅၀၀၀၀၀) ထောက်ပံ့ လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ (၂၉) ရက်နေ့က အရှေ့တီမော အစိုးရသည် မြန်မာ့လေဘေး ဒုက္ခသည်များ အတွက် ထောက်ပံငွေကို အာဆီယံ လူသားချင်း စာနာမှု တရားဝင်အဖွဲ့  အစည်းတခု မှတဆင့် ပေးအပ် လှူဒါန်းခြင်း ဖြစ်သည်။ ထိုငွေကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ လေဘေးသင့် ကျေးရွာနှင့် မြို့နယ်များ အတွက် အဓိက အသုံးပြုသွားမည် ဖြစ်သည်။ အရှေ့တီမော ၀န်ကြီးချုပ် ရာလာ ဇာနာနာ ဂက်စ်မာအိုက နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တဆင့် မြန်မာနိုင်ငံသို့ ငွေကြေး ထောက်ပံ့ခဲ့ကြောင်း အတည်ပြု သွားပြီး ယခု လုပ်ရပ်မှာ အရှေ့တီမော ပြည်သူများသည် မြန်မာ ့လေဘေးသင့် ဒုက္ခသည်များနှင့် ထပ်တူထပ်မျှ ၀မ်းနည်းမိကြောင်း ဖော်ပြခဲ့ခြင်း ဟုလည်း ပြောဆိုခဲ့သည်။

တီမောအစိုးရ သည်လည်း မြန်မာပြည်သူများအား တသွေးတသားတည်း၊ တစိတ်တဝှမ်းတည်း အဖြစ် ကိုယ်စားပြုပါကြောင်း ၀န်ကြီးချုပ်က ကြေငြာချက် ထုတ်ပြန်ကာ မှာကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here