မုသားဖော်စက်မှာ အသုံးမဝင်ဟု ဆွီဒင်ပညာရှင်များဆို

ဆွီဒင်နိုင်ငံရှိ တက္ကသိုလ်နှစ်ခုက မုသားဖော်စက်ကို အသုံးပြုစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် အမှန်တကယ် အသုံးဝင်မှု မရှိနိုင်ကြောင်း သတိ ပေးလိုက်သည်။

စတော့ဟုမ်းလ် တက္ကသိုလ်၊ မှုခင်းဌာနမှ ပရော်ဖက်ဆာ ဖရန်ဆစ်စကို လာဆရီဒါနှင့် ရယ့်တယ်ဗို့ရီ တက္ကသိုလ်၊ မှုခင်းဌာနမှ ပရော်ဖက်ဆာ အန်ဒါစ် အဲရစ်ဆန်တို့က နိုင်ငံတကာ ဘာသာစကားဆိုင်ရာ ဥပဒေများဂျာနယ်တွင် မုသားဖော်စက်မှာ မှုခင်းများ ဖော်ထုတ်ရာတွင် အမှန်တကယ် အကျိုးမရှိကြောင်း အတည်ပြု ဖော်ပြခဲ့သည်။ အစ္စရေးနိုင်ငံမှ Nemesysco ကုမ္မဏီသည် မုသားဖော်စက် အမျိုးအစားသစ် တမျိုးကို ထုတ်လုပ်ခဲ့ပြီးနောက် အဆိုပါ စက်အား သိပ္ပံပညာရှင်များက စစ်ဆေးစမ်းသပ်ပြီး အထက်ပါ ကြေငြာချက်ကို ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

Nemesysco ကမူ အဆိုပါ ဖော်ပြချက်ကို ငြင်းဆန်ပြီး ၎င်းတို့ ထုတ်လုပ်သည့် မုသား ဖော်စက်သည် နိုင်ငံတကာ မှုခင်းများအတွက် အမှန်တကယ် အထောက်အကူ ပြုကြောင်း ကြေငြာချက် ထုတ်ပြန် ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here