လိင်မှုရေးရာနှင့် ဆီးကြိတ်ကင်ဆာ ဆက်စပ်မှုရှိ

အသက်(၅၀)ကျော် အမျိုးသားများ အတွက် လိင်ဆက်ဆံမှု ဓလေ့အထုံသည် ဆီးကြိတ်ကင်ဆာ ဖြစ်ပွားမှုအား လျှော့ချပေးနိုင်ကြောင်း သိရသည်။

အသက်အရွယ် ကြီးရင့်သော အမျိုးသားများ အတွက် လိင်ဆက်ဆံခြင်း၊ လက်ကို အသုံးပြုပြီး တကိုယ်ရည် အာရုံဖြေဖျောက်ခြင်းစသည့် နည်းလမ်းများ အသုံးပြုခြင်းဖြင့် သုက်ပြွန်နှင့် ဆီးလမ်းကြောင်းကို ချောမွေ့ပြီး အဆိပ်အတောက်များကို စွန့်ထုတ်ပေးကြောင်း သိရသည်။ အသက်(၆၀)နား နီးကပ်နေပြီး ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်မည့် အလားအလာများ ပေါ်ပေါက်နေသူ အမျိုးသား(၄၀၀)နှင့် ကျန်းမာသော အမျိုးသား (၄၀၀)တို့ကို စနစ်တကျ သုတေသန ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း Independent သတင်းစာတွင် ဖော်ပြထားသည်။

သင့်တော်သော အကြိမ် အရေအတွက်အထိ လိင်မှုဆိုင်ရာ မှီဝဲမှုမျိုး ပြုလုပ်ခြင်းသည် လူကြီးပိုင်း အမျိုးသားများ အတွက် ကျန်းမာရေးအရ အထောက်အကူပြု နိုင်ပြီး အသက်(၂၀)မှ (၃၀)ကြား အရွယ်ကောင်းများ အတွင်း လိင်အပျော်အပါး အကြီးအကျယ် လိုက်စား သူများမှာမူ အသက်အရွယ် ကြီးရင့်လာချိန်တွင် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်မည့် အလားအလာ တိုးတက် များပြားလာကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here