မိန်းကလေးတဦးအား မတော်မတရား ပြုကျင့်ခဲ့သည် ဆိုသော သတင်းအား ရော်ဘင်ဟို ငြင်းဆို

အင်္ဂလန် ပရီးမီးယားလိဂ်အသင်း မန်ချက်စတာစီးတီးမှ ဘရာဇီးလ် လက်ရွေးစင် ဘောလုံးသမားလေး ရော်ဘင်ဟိုက ၎င်းအနေနှင့် တက္ကသိုလ်ကျောင်းသူ တဦးကို မတရား ကျင့်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုမှုများအား ငြင်းဆန်ခဲ့သည်။

အသက်(၂၅)နှစ်ရှိသော လူတဦးသည် ပထမနှစ် ကျောင်းသူတဦးအား အကြမ်းဖက် ပြုကျင့်ခဲ့ကြောင်း အနောက်ယော့ခ်ရှိုင်းယား ရဲဌာနက အတည်ပြုခဲ့ပြီး ထိုသူသည် အင်္ဂလန် ပရီးမီးယားလိဂ်မှ ဘောလုံးသမားတဦး ဟုတ်မဟုတ်ကို အတည်ပြုပေးရန်မူ ငြင်းဆန်ခဲ့သည်။ လိဒ်စ်မြို့ရှိ နိုက်ကလပ်တခုတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ကိစ္စအတွက် အဖမ်းခံရသူသည် မန်ချက်စတာ စီးတီး တောင်ပံလူ ရော်ဘင်ဟိုဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ရော်ဘင်ဟိုက တရားဝင် ငြင်းဆန်ခဲ့သည်။ ၎င်းအနေနှင့် ဘာဆိုဘာမျှ မသိပါကြောင်း၊ ထိုအချိန်တွင် အသင်းနှင့်အတူ လေ့ကျင့်ခန်း ဆင်းနေခဲ့ကြောင်း ရော်ဘင်ဟိုကဆိုသည်။

ရဲတပ်ဖွဲ့၏ ကြေငြာချက်အရ ဇန်နဝါရီလ (၂၇)ရက်နေ့က အမျိုးသမီးတဦးကို အကြမ်းဖက်ခဲ့သော လူတဦးကို ဖမ်းဆီးခဲ့ပြီးနောက် အာမခံနှင့် ပြန်လွှတ်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here