အိုဘားမားသည် အီရန် ပြည်သူများအား တောင်းပန်သင့်သည်ဟု အီရန် သမတပြောကြား

အီရန်သမတ အမာဒီနီဂျတ်က အမေရိကန်သမတ အိုဘားမား အနေနှင့် သမတဟောင်း ဂျော့ဘုရှ် ကိုယ်စား အီရန်ပြည်သူများကို တောင်းပန်ရမည်ဟု ပြောကြားလိုက်သည်။

အိုဘားမားသည် အမှန်တကယ် သမာသမတ်ရှိသော ခေါင်းဆောင်ကောင်း တဦးဟု သက်သေပြလိုပါက အီရန် အရေးအတွက် ဘုရှ် မှားခဲ့သမျှကို တာဝန်ယူရမည်ဟု အမာဒီနီဂျတ် ကဆိုသည်။ အမေရိကန် ပြည်ထောင်စုသည် အီရန်နိုင်ငံ၏ ရပ်တည်မှုကို အကြိမ်ကြိမ် စော်ကားခဲ့ကြောင်း၊ အိုဘားမားသာ ဖြောင့်မတ်မှုရှိလျှင် အမေရိကန် ခေါင်းဆောင် တဦးအနေဖြင့် အီရန်နိုင်ငံကို တောင်းပန်မည်ဟု ၎င်းယူဆကြောင်း အမာဒီနီဂျတ်က အီရန် ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ပြောကြားသွားခဲ့သည်။ အမေရိကန် အစိုးရသည် အီရန်၏ နျူကလီးယား အစီအစဉ်အား အမြင်မကြည် ဖြစ်နေပြီး ၀ါရှင်တန်နှင့် တီဟီရန်ကြား တင်းမာမှုများ ရှိနေဆဲဖြစ်သည်။

ထို့အပြင် အိုဘားမား ကိုယ်တိုင်ကလည်း အမာဒီနီဂျတ်၏ နျူကလီးယား လုပ်ဆောင်မှုများကို သဘောမကျသည့် အလားအလာကို ကျမ်းကျိန်ပွဲ မိန့်ခွန်း ပြောကြားစဉ်က ထည့်သွင်းပြောဆိုသွားသည်။ လက်ရှိအချိန်တွင် အမာဒီနီဂျတ်က ယခုကဲ့သို့ အိုဘားမားအား လူသိရှင်ကြား ခပ်ကြောကြော ပြောဆိုလိုက်ခြင်းဖြင့် နှစ်နိုင်ငံ အစိုးရအကြား ပိုမိုမျက်မုန်းကျိုး လာဖွယ်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here