ဟယ်ရီပေါ်တာ ရိုက်ကွင်းသို့ လည်ပတ်ရန် အိုဘားမား၏ သမီးများ ဖိတ်ကြားခံရ

ဗြိတိသျှ ရုပ်ရှင်မင်းသားလေး ဒင်နီယယ်လ် ရက်ကလစ်ဖ်က အမေရိကန် သမတ ဘာရက် အိုဘားမား၏ သမီးနှစ်ဦးအား ဟယ်ရီပေါ်တာဇာတ်ကား ရိုက်ကွင်းသို့ အလည်အပါတ် လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။

အသက်(၁၉) နှစ်ရှိပြီဖြစ်သော ရက်ကလစ်ဖ်က အိုဘားမား၏ သမီးနှစ်ဦးဖြစ်သော ဆာရှာနှင့် မယ်လီရာတို့အား ယခုနှစ်ကုန်ခါနီးတွင် ရိုက်ကူးမည့် ဟယ်ရီပေါ်တာ နောက်ဆုံး ဇာတ်ကားသစ် The Deathly Hallows ရိုက်ကွင်းသို့ အထူး ဧည့်သည်တော်များ အနေနှင့် လာရောက် နိုင်ပါကြောင်း ဖိတ်မန္တက ပြုခဲ့သည်။ မယ်လီရာရော၊ ဆာရှာတို့ပါ ဟယ်ရီပေါ်တာ ပရိသတ်များ ဖြစ်ကြကြောင်း သိရှိပြီးနောက် အိုဘားမား၏ ကျမ်းကျိန်ပွဲကို တက်ရောက်ခဲ့သည့် ရက်ကလစ်ဖ်က သမ္မတ၏ သမီးများကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သို့ ရောက်ရှိနေသည့် ရက်ကလစ်ဖ်က အမေရိကန်သည် အိုဘားမားကဲ့သို့ ထက်မြက်သူတဦးကို ခေါင်းဆောင်အဖြစ် ရရှိခဲ့ခြင်းကြောင့် နိုင်ငံ၏ အနာဂါတ် ခရီးမှာ ပိုမိုချောမွေ့လာမည်ဟု အိုဘားမားကိုလည်း ချီးကျူးသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here