Hack ခံရသည့် Twitter Account များတွင် နာမည်ကျော်များ၏ Account များပါ၀င်

Hacker တဦး၏ လက်ချက်မိသွားခဲ့သည့် Twitter Account များတွင် နာမည်ကျော် ပုဂ္ဂိုလ်များ၏ Account များ ပါ၀င်ကြောင်း ဗြိတိန်အခြေစိုက် ZDNet သို့ ပေးပို့သော Mail အရ သိရှိရသည်။

Twitter သည် Instant Messaging ၀န်ဆောင်မှုအတွက် နာမည်ကြီး ဆိုဒ်တခုအဖြစ် တစထက်တစ နာမည်ကြီးလာနေပြီး ဇန်နဝါရီလ (၂၆) ရက်နေ့ကမူ ၀က်ဘ်ဆိုဒ် Administrator များကို ဦးတည်တိုက်ခိုက်သည့် Hacker ၏ ထိုးဖောက်မှုတွင် Account အတော်များများ Hack လုပ်ခံလိုက်ရသည်။ Account (၃၃) ခုထိ အနည်းဆုံး Hack ခံရပြီး ၎င်းတို့အနက် ဘာရက် အိုဘားမား၊ ဘရစ်တနီ စပီးယားစ်နှင့် ရစ်ခ် ဆန်ချက်ဇ်တို့၏ Account များပါ ပါ၀င်နေခဲ့ကြောင်း သိရသည်။

GMZ ဟု နာမည်ခံယူထားသော Hacker သည် အခြေခံ Dictionary-based နည်းစနစ်ဖြင့် ထိုးဖောက်ခဲ့ပြီး Administrator ၏ Password နှင့် အခြားသော Account အတော်များများ၏ Password များကို ခိုးယူသွားခဲ့သည်။ ထိုအချက်အလက် အသေးစိတ်ကို ZDNet သို့ ထ ိုHacker ဟုပင် ယူဆရသူက Mail ဖြင့် ပေးပို့ခဲ့ပြီး Twitter ၏ Account များကို ထိုးဖောက်ရန် ခက်ခဲမှုမရှိကြောင်း ရေးသားထားခဲ့သည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here