ဆွီဒင်တွင် အိုဘားမားလို ခေါင်းဆောင်မျိုး ပေါ်လာရန်ခဲယဉ်း

ဆွီဒင်နိုင်ငံအနေနှင့် အမေရိကန်၏ နမူနာကိုယူကာ အစိုးရဖွဲ့စည်းမှုကို ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း နိုဝယ်လ်မက်ကာသီက ပြောကြားသွားသည်။ လူမည်းတစ်ဦးဖြစ်သော အိုဘားမား သမတဖြစ်လာမှုသည်

အမေရိကန် ပြည်သူများအနေနှင့် ဒီမိုကရေစီကို အနှစ်သာရပြည့်ဝစွာ ရရှိခံစားနိုင်သည့် အထိမ်းအမှတ်ဖြစ်ပြီး ၎င်းတို့အနေနှင့် ယုံကြည်မှုရှိရာ ခေါင်းဆောင်ကို စိတ်တိုင်းကျ ရွေးချယ်ခန့်အပ်နိုင်သည့် အခွင့်အရေးကို ရရှိထားကြောင်း သိသာစေခဲ့စည်ဟု နိုဝယ်လ်ကဆိုသည်။ ဆွီဒင်နိုင်ငံတွင်မူ ပြည်သူ့အာဏာသည် တော်ဝင်မိသားစုနှင့် ရောယှက်နေဆဲဖြစ်ပြီး တစိတ်တပိုင်းမျှသာ ဒီမိုကရေစီစနစ်ကို ရရှိထားကြောင်း နိုဝယ်လ်က သုံးသပ်ခဲ့သည်။ ဆွီဒင်နိုင်ငံသည် လက်ရှိအချိန်ထိ ဘုရင်စနစ်ကို ကျင့်သုံးနေဆဲဖြစ်ပြီး ဒီမိုကရေစီဆုံးရှုံးနေသည့် မြန်မာ၊ ဇင်ဘာဘွေ၊ ပါလက်စတိုင်းစသည့် တိုင်းနိုင်ငံအသီးသီးမှ ထွက်ပြေးခိုလှုံလာသည့် ဒုက္ခသည်များ အများအပြား ခိုလှုံနေသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

သို့တိုင်အောင် ပြည်သူူ့အာဏာဆိုင်ရာ ပြဌာန်းထားသော ဥပဒေများတွင် လွဲချော်အားနည်းမှု အချို့ရှိနေသေးကြောင်း နိုဝယ်လ်က ပြောကြားသွားပြီး တော်ဝင်မိသားစုကို အလေးထားနေခြင်းကြောင့် အိုဘားမားကဲ့သို့ ခေါင်းဆောင်မျိုး ရရှိလာရန် ဆွီဒင်ပြည်သူများအတွက် အခွင့်အရေး မရှိနိုင်ကြောင်း နိုဝယ်လ်က ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here